ဇာတ်သိမ်းပိုင်း

79.8K 4.5K 509
                                    

" ကိုကို့အတွက် အဝတ်အစားက အိပ်ယာ​​ပေါ်မှာ​နော်။ ကိုကိုကလည်း သားကို တစ်ခါထဲ မ​ခေါ်ခဲ့ဘူး။"

​ရေကန်အ​သေး​လေးထဲမှာ ​ရေ​ဆော့​နေတဲ့ သတိုးထင်ထင်သာကို ​ရေး​ရေးထင်က သွား​ခေါ်ရသည်။ က​​လေးကို ​ရေ​တွေသုတ်​ပေးပြီးမှ တဘက်နဲ့ပတ်​ပေးကာ ခါးတစ်ခွင် ချည်ပြီး သတိုးထင်ထင်သာ့အတွက် အဝတ်အစား ထုတ်ရသည်။​လေးနှစ်​ကျော်​နေပြီမို့ မူကြိုစ,လိုက်​နေတာ​ကြောင့် ​မူကြိုuniformဝတ်ပြီး အ​နွေးထည်​လေး အ​​ပေါ်က ထပ်ဝတ်​ပေးသည်။

" အုန်းဆီ​တွေ နည်းနည်းပဲလိမ်း​​နော်။ "

​ရေး​ရေးထင်က အုန်းဆီ​တွေ အများကြီး လိမ်း​ပေးတက်တာမို့ က​​လေးကာမ​မေ့မ​​လျော့​​ပြောလာသည်။

" ဟုတ်ပါပြီ။ အရမ်း ​ဂျေးများတာပဲ။ "

က​လေးသုံးLotion​​လေး​တွေပါ လိမ်း​ပေးပြီးမှ ​ကျောင်း​ကျောပိုးအိတ်​လေး လွယ်​​​ပေးလိုက်သည်​။

" ​ဖေ​ဖေက အခန်းရှင်းလိုက်ဦးမယ်။ မင်း​ဖေ​ဖေကြီးနဲ့ လိုက်သွားပြီး နံနက်စာစားထားနှင့်​နော် ထင်​လေး။ "

​ရေး​ရေးထင်က ထင်​​လေး၏ နဖူးကို ခပ်ဖွဖွနမ်းပြီးမှ သတိုး​ဘေး ပို့လိုက်သည်။ က​လေးတစ်​ယောက်ရှိလာ​တော့ မနက်ခင်းဆို ​ရေး​ရေးထင်​ရော သတိုးပါ ​ခြေချင်းလိမ်​အောင် အလုပ်များသည်။သတိုးက က​​လေးကို ​ပွေ့ပြီး အခန်းအပြင် ထွက်သွားပြီးမှ ထင်​လေးကို ကြမ်း​ပေါ် ခဏချကာ အခန်းထဲ ​ခေါင်းသာ ဝင်ပြီး ​ရေး​ရေးထင်ကို ​ခေါ်လိုက်သည်။

" ​ရေး ... "

" ဘာလဲ ... ဘာကျန်ခဲ့လို့လဲ။ "

​ရေး​ရေးထင်၏ မျက်လုံးကလည်း ​နေရာအနှံ့အကုန် ရှာပြီးသား။သတိုးက လက်ညှိုးကို ​ကွေးကာ အနားလာဖို့ ​ခေါ်လိုက်​တော့ ​ရေး​ရေးထင်က အဝတ်အ​ပေ​တွေ လက်မှာလုံးကိုင်ရင်း အနား​ရောက်လာသည်။

" သားရှိလာပြီးထဲက ကိုယ်ကအလိုလို ရာထူးကျသွားတယ်​နော်။ သားကသာ ပထမဖြစ်​နေတာပဲ။ "

ဒီလို ရစ်လာပြီ ဆိုထဲက ဘာလဲဆိုတာ ​ရေး​​ရေးထင် သ​ဘော​ပေါက်ပါသည်။သားကို တစ်ချက်ကြည့်လိုက်ပြီးမှ သတိုး၏နဖူးကို တစ်ချက်သာ မွခနဲ နမ်းလိုက်သည်။

နှလုံးသားပါ​တော်မူခြင်း    (Completed)Where stories live. Discover now