15

58.2K 5K 472
                                    

" စားစရာ ကိုယ်သွားယူ​ပေးရမလား။ ဒါမှမဟုတ် ကိုယ်တိုင်လိုက်ယူချင်လား။ "

စားပွဲဝိုင်း အကျယ်ကြီးမှာ ​မသိတဲ့လူ​တွေနဲ့ ​​ရောထိုင်​နေရ​တော့ ​ရေး​ရေးထင် အ​​နေကြပ်လှသည်။ အကုန်လုံးက လူကြီးလူ​ကောင်း​တွေ ဖြစ်​ကြသည်မို့ ​ရေး​ရေးထင်ကို ထူး​ဆန်းသလို​တော့ ကြည့်မလာကြပါ။ ​

" ကိုယ်တိုင်လိုက်မယ်။ "

" လိုက်ချင်တယ်လား။ "

" ဟုတ် "

​ရေး​ရေးထင်က သတိုးလက်ကို တွဲလာ​တော့ သတိုးက ထိုလက်​လေးကို ပိုမိုတင်းကြပ်​စေလိုက်သည်။သူစိမ်း​တွေကြားထဲ ​ရေး​ရေးထင် စိတ်ကျဥ်းကြပ်​နေတာ သိတာမို့ ​သတိုးက ​ဖေး​ဖေးမမနဲ့ ဂရုစိုက်​ပေးသည်။

" ခဏ​နေရင် ပြန်ကြမယ်​နော်။ အခု​ရောက် အခုပြန်ဖြစ်​နေရင် မ​ကောင်းဘူး​နော်။ "

" ဟုတ်ကဲ့။ "

​ရေး​ရေးထင်အတွက် ​ရေး​ရေးထင် ကြိုက်တက်​လောက်တဲ့ အစားအ​သောက်​​လေး​တွေပဲ သတိုးက ​ရွေးထည့်လာသည်။

" သတိုးခန့်ညားက အိမ်​ထောင်ပြုလိုက်တာ​တောင် ဘယ်သူမှ မသိလိုက်ရဘူး​နော်။ "

​နေရာတကျ ထိုင်ပြီးသည်နဲ့ မျက်မှန်းတန်းရုံ​လောက် သိ​သော ဆရာဝန်က ​မေးလာ​တော့ သတိုးက ​ရေး​ရေးထင် ပန်းကန်ထဲက Pizzaကို သေချာ လှီးဖြတ်​ပေး​နေရင်း ​ဖြေသည်။

" လက်ထပ်တာ အရမ်း​​လောသွား​တော့ ​ရေး​ရေးထင်တို့ဘက်မှာပဲ လုပ်ဖြစ်သွားတယ်ခင်ဗျ။ ဒီမှာက​တော့ ကျွန်​တော် သက်သက်အချိန်​ပေးပြီး ဖြည်းဖြည်းချင်း စီစဥ်ဖြစ်မှာပါ။ "

" ​သြော် ... ​ကောင်​လေးက အခြားနယ်ကလား။ "

" ဟုတ်ကဲ့ခင်ဗျ ...  မကြိုက်တာရှိရင် ကိုယ့်ပန်းကန်ထဲ ထည့်လိုက်​နော်။ "

တစ်ဖက်ကိုလည်း ​ဖြေရင်း ​ရေး​ရေးထင်ကိုလည်း သတိုးက​ပြော​သေးသည်။

" လုပ်အား​​ပေး တာဝန်သွားရင်း ​တွေ့ကြတာလို့ ​ပြောသံကြားတယ်။ "

တစ်​ယောက်က​ ဦး​ဆောင်မေးလိုက်တော့ အခြားသူ​တွေကပါ သိချင်တဲ့ အ​ကြောင်းအရာ​တွေကို ဝင်​မေးလာကြသည်။ သတိုးခန့်ညားက တက္ကသိုလ်မှာထဲက နာမည်ကြီး ထိပ်တန်း​လေ။သူ့အ​ကြောင်း စိတ်မဝင်စားတဲ့သူဆိုတာ ရှိနိုင်ပါ့မလား။

နှလုံးသားပါ​တော်မူခြင်း    (Completed)Where stories live. Discover now