'အမယ်ဟုတ်ပါပီ ဂန်ဟန်အသီးအနှံလေးဝယ်ဦးမယ်။မင်္ဂလာစျေးမှာခနရပ်ပေးနော်'

လူနာဘာစားရလဲမသိသဖြင့် ပန်းသီး၊သစ်တော်သီးနှင့်စပျစ်သီးတို့ကိုသာဝယ်လိုက်သည်။ခြယ်စားဖို့အတွက်လည်းညစာနှင့်မုန့်များဝယ်သွားလိုက်သည်။

ဆေးရုံထဲဝင်သွားတော့ ဝဒ်ထဲရှိနတ်စ်မလေးများအား အစာအိမ်ကုသဆောင်နဲ့လူနာဆောင်ကိုမေးပြီးဝင်လာခဲ့သည်။ဆရာမလေးများကခြယ်ရှိရာဘက်အခန်းတွေသို့ညွှန်ပြပြီး ရှာကြည့်လိုက်ဖို့ပြောသည်။

နှစ်ယောက်ဆောင်ထဲတွင်ရှိနေသော ခြယ့်ကိုလှမ်းမြင်လိုက်ရသဖြင့် အခန်းတွင်းဝင်သွားခဲ့သည်။ခြယ်ကအံ့ဩပြီးအနားသို့ရောက်လာကာ လူနာစောင့်ကုတင်ပေါ်တွေထိုင်စေသည်။

'ဂန်ဟန် ဘယ်လိုသိတာလဲဒီအခန်းကို။လာတာလဲမပြောဘူး။ဧည့်သည်လဲပါတာပဲ။လာကုတင်မှာထိုင်ကြပါ'

'တမင်မပြောတာပါ။ပြောနေရင်မလာနဲ့တွေဘာတွေလုပ်နေရင်ဘယ်လိုလုပ်မလဲဗျာ။ဒါနဲ့ခြယ့်အဘိုးသက်သာရဲ့လား။ဘယ်လိုနေလဲ။'

'အခုတော့ဆေးသောက်ပြီးအိပ်ပျော်နေတာ။သက်သာလာပါပြီ။နောက်နှစ်ပတ်လောက်တော့အခြေအနေစောင့်ကြည့်ဖို့ နေခိုင်းထားသေးတယ်ဆရာဝန်က။အစာအိမ်သွေးကြောပေါက်တာဆိုတော့ အခြေအနေကအရမ်းမကောင်းသေးဘူးလေ။တော်သေးတယ်အသက်အန္တရာယ်ကနေလွတ်သွားတာကိုပဲကျေးဇူးတင်နေရတယ်။ဆရာဝန်ကပြောတယ် တစ်ခြားလူနာတော်တော်များများအစာအိမ်သွေးကြောပေါက်ရင်တန်းပြီးအသက်ဆုံးရှုံးတာတဲ့။လူနာကကံကောင်းလို့မသေတာ'

'ဟုတ်တယ်ခြယ်အစာအိမ်ကအစားမှားမခံဘူး။မာတာတွေလဲစားလို့မရဘူးမလား။အခုရောဘာစားလို့ရလားအဘိုးက'

'အခုတော့အားဆေးချိတ်ပြီးကြက်ပြုတ်ရည်လောက်ပဲသောက်လို့ရသေးတယ်'

'ခြယ်ရောဘာစားပြီးပြီလဲ။ဒီမှာခြယ့်အတွက် သင်္ဘောသီးထောင်းနဲ့ကြက်ဆီထမင်းဝယ်လာတယ်။ဖက်ထုပ်လဲပါတယ်။လူနာစားလို့မရရင် ခြယ်စားပေါ့။

'နေပါဦး။ကိုနောင်ပါလာတာ တစ်ယောက်ထဲထိုင်ခိုင်းထားသလိုပဲ။ကိုနောင်ကရောဘယ်လိုပါဘာတာလဲ'

"ခြယ်"Where stories live. Discover now