12 • မဂၤလာပြဲ | မင်္ဂလာပွဲ

Depuis le début
                                    

နောင်ကျန်ရှိသေးသော သက်တမ်းမှာလည်း ဆွန်းမင်အတွက် ဘယ်ထုံးတမ်းတွေကိုများ ထပ်ချိုးဖောက်မိဦးမလဲ မသိပါ။

တစ်ခါမှ မချစ်ခဲ့ဖူးလို့ ထင်ပါတယ်။
အချစ်ဦးဟာ သူ့အတွက်တော့ နှစ်ရူးရတဲ့အထိကိုပါပဲ။

>>>

နှစ်အနည်းငယ်ကြာပြီးမှ ပြန်တွေ့ရတဲ့ ယုံးဘို့ဟာ မင်္ဂလာသတင်းတစ်ခုကိုပါ သယ်ကြဉ်းလာခဲ့မယ်လို့ ဟျွန်းဟျင်မထင်ထားမိတာ အမှန်ပင်။

."ဘယ်လိုကြောင့် မင်္ဂလာပွဲကို အလောတကြီး လုပ်ချင်ရတာလဲ။ မင်ဟို့ကိုရော ဘယ်လိုလုပ်မလဲ။"

တစ်ပတ်ဆိုတဲ့ ခုနစ်ရက်တာဟာ မင်္ဂလာပွဲတစ်ခု ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် ကာယကံရှင်တွေဟာ သာမန်သွေးသား မဟုတ်တဲ့ နန်းတော်ထဲကသူ ဖြစ်နေတဲ့အခါမှာပေါ့။

မင်္ဂလာပွဲတစ်ခုကို ရုတ်ချည်းဆုံးဖြတ်လိုက်ရအောင် ယုံးဘို့မှာ ချစ်သူရှိတယ်လို့လည်း ယောင်မှားလို့ပင် မကြားခဲ့ဖူးပါ။

"အစ်ကို့ကိုတော့ တမြန်နေ့ကပဲ လူကြုံနဲ့ သတင်းပါးလိုက်တာမလို့ ပွဲအမီ ပြန်လာပါလိမ့်မယ်။"

အိမ်ရှေ့စံ ခေါင်းသာညိတ်မိသည်။ ဆက်ပြီး စွက်ဖက်ဖို့လည်း သူ့မှာ အခွင့်မှ မရှိဘဲ။ ထို့နောက် တံခါးခေါက်သံနှစ်ချက်ကို အပြင်ဘက်မှ ကြားရသည်။ မည်သူမည်ဝါပါလို့ အသိပေးခြင်း မရှိပုံထောက်၊ တံခါးခေါက်တဲ့သူဟာ ဆွန်းမင်မှလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ကြောင်း ဟျွန်းဂျင် တန်းသိသည်။

"ဝင်လာလို့ ရတယ်။"

နီးကပ်လာတဲ့ခြေလှမ်းများနှင့်အတူ ယုံးဘို့ရဲ့အကြည့်တို့ဟာလည်း ဆွန်းမင်ထံ ပိုပိုရစ်တွယ်သည်။ အမှန်တကယ်ကိုပဲ ကြင်ရာတော်ဆိုတာ ဆွန်းမင်ဖြစ်နေခဲ့တာပဲ။

မလျော်ညီမှန်းသိပေမဲ့ သူ ဆွန်းမင်ကို ခြေဆုံး​ခေါင်းဆုံးကြည့်မိ၏။ အမျိုးသားနှစ်ဦးရဲ့ စုံမက်ခြင်းကို ခံရလောက်အောင်အထိ မက်မောစရာလည်း မတွေ့မိပါ။

အိမ်ရှေ့စံနှင့် တစ်ရပ်ဝန်းထဲမှာ ရှိနေသော်လည်း မျက်လွှာမချထား။ မာန်တင်းထားသော ထိုမျက်ဝန်းများ၌လည်း ကြောက်ရွံ့ရိုကျိုးမှုကို တစွန်းတမျှ ယောင်မှားလို့ပင် မတွေ့ရ။

The Portrait : King's Beloved • 황승Où les histoires vivent. Découvrez maintenant