ပုံမှန်မဟုတ်သည်ဆိုလို့ ခြေဖဝါးနှင့် Prof  ကြေညာ
လိုက်တဲ့ Exam အချိန်ဇယားပင်ဖြစ်သည်။ခေါင်းထဲက Exam အကြောင်းတွေထုတ်ကာ ထုံးစံအတိုင်း Boss ရှိရာသို့သာထွက်လာခဲ့သည်။

ပုံမှန်အတိုင်း Boss ရှိနေတတ်တဲ့ ရုံးခန်းသာတန်းသွား
လိုက်သော်လည်း ဦးလေးကြီးမှ Boss အိမ်မှာရှိနေ
သည်ဆိုသောကြောင့် အိမ်ဘက်ကိုထွက်လာကာ အိမ်ထဲသို့ဝင်ခဲ့သည်။အိမ်ရှေ့ဧည့်ခန်းတွင်လဲမရှိသည်မို့အတွင်းအနည်းငယ်သို့ဝင်ခဲ့ရာမီးဖိုချောင်ထဲအလုပ်ရှုပ်နေတဲ့ Boss ကိုတွေ့ရာပြုံးမိသည်။ချက်ချင်းဆိုသလိုလုပ်နေတာတွေရပ်ပြီးလှည့်ကြည့်သည်ကြောင့် Neoul ပင်ရုတ်တရက်တောင့်သွားမိသည်။

"Neoul ခုမှရောက်တာပါ P' "

"အင်း"

အင်းတစ်လုံးပြောပြီးသည်နှင့်လုပ်လက်စကိုဆက်လုပ်သည်မို့ Neoul ကြောင်တောင်တောင်နှင့်ဘာလုပ်ရမှန်းမသိည်ရပ်နေမိကာ Boss မှဝင်ထိုင်လေဆိုသော်လည်းကူပေးရန် Boss ရှိရာဘက်ကိုလျှောက်လာခဲ့သည်။

"Neoul နေ့လည်စာမစားရသေးဘူးမလား ကိုယ်နဲ့အတူစားသွားရမယ် ခုံမှာသွားထိုင်နေ"

"P' Neoul ကူပေးမယ်လေ"

"ကိုယ်အကုန်ပြီးပြီရွေ့ရုံဘဲ"

"Neoul ကူပေးမယ်လေနော် နော်"

"ကဲပြောမရလဲသယ်စေဗျာ"

"ဟီး"

သယ်စရာပန်းကန်ရယ်လို့များများစားစားမရှိပါ။ Boss စားဖို့နှင့် Neoul စားဖို့ပန်းကန်နှစ်စုံရယ် Boss ပူပူနွေးနွေးချက်ပေးထားတဲ့ဟင်းပန်းကန်အနည်းငယ်ရယ်သာရှိသည်။Neoul တစ်ရွေ့ရွေ့နှင့်​ရွှေ့လာရင်း ​နောက်ဆုံးတစ်ပန်းကန်အကျန်မှာအတွေးတစ်ခုဝင်လာသည်။

အရင်တစ်ရက်က Boss အခန်းထဲတွင် Guitar တစ်လက်တွေ့မိသည်အဲ့ကတည်းက Boss သီချင်းဆိုသည်ကိုကြားဖူးချင်မိသည်ဖြစ်ရာပြောရန်အခွင့်မသာခဲ့ပေ။ဒီနေ့တော့ Boss ကိုတောင်းဆိုကြည့်အုံးမည်။

နောက်ဆုံးကျန်ရှိသည့်ပန်းကန်ကိုသယ်အပြီး စားပွဲတွင်
နှစ်ယောက်သားဝင်ထိုင်ကာ Neoul တစ်ယောက် Boss ချက်ပေးထားသည်များကိုပြုံးပြုံးကြီးနှင့်စားနေတော့သည်။နှသ်ယောက်လုံးအစားမြန်ပုံပင်နာရီဝက်မပြည့်ခင်ပင်စား၍ကုန်သွားသည်။စားပြီးချိန်တွင် Neoul ပန်းကန်ဆေးဖို့ထသော်လည်း Boss မှငြိမ်ငြိမ်လေးထိုင်နေဆိုသောကြောင့်ငြိမ်ငြိမ်လေးပြန်ထိုင်နေရသည်။

You've reached the end of published parts.

⏰ Last updated: Mar 15, 2023 ⏰

Add this story to your Library to get notified about new parts!

On Your Knees Neoul !Where stories live. Discover now