Chapter-5

2.8K 151 44
                                    

Uni

ဒီနေ့ထူးထူးခြားခြား Neoul တစ်ယောက်မနက်စောစောစီးစီးနိုးနေတော့သည်။ဒီနေ့ကအစမ်းသပ်ကာလရဲ့ပထမဆုံးနေ့ဖြစ်သလို.....Boss ဘေးမှာရှိနေရတဲ့ပထမဆုံးရက်လဲဖြစ်သည်။

အတည်တကျမဟုတ်သေးတာသိပေမယ့် Neoul သေချာပေါက်ကြိုးစားမည်ဖြစ်သည်။Boss နားကနေလည်းတစ်ဖ၀ါးမျှမခွာချင်....

တင်*

*အင်း အတန်းထဲ 15 မိနစ်အလိုထဲကရောက်နေတာလိုချင်တယ်နော် ပြီးတော့ဒီနေ့တက်ရမယ့်အတန်းတွေကိုအပြည့်တက်မယ်*

မနက်နိုးထဲကနိုးနိုးချင်း P'Boss ကို "Morning Neoul နိုးပါပြီ P'Boss" လို့စာပို့ပြီးသည်နှင့်အိပ်ရာသိမ်းနေစဥ်၀င်လာသည့် Msg သံလေးဖြစ်သည်။အိပ်ရာကိုပင်ဆက်မသိမ်းနိုင်ဘဲဖုန်းပြေးကောက်ကိုင်ကာစာပြန်ပို့ဖို့ပြင်တော့သည်။

*စိတ်ချပါ P' "

စက္ကန့်ပိုင်းမျှတောင်မခြားဘဲချက်ချင်းပင်စာပြန်လိုက်သည်။ Neoul ဒီနေ့ထူးထူးခြားခြား
တော်တော်ကိုပင်ထူးထူးခြားခြားပုံမှန်ထက်ပိုပြီး energetic ဖြစ်နေသည်....

"သား...ရေတောင်ချိုးပြီးသွားပြီလား..ထူးထူးဆန်းဆန်းဒီနေ့"

ပုံမှန်ဆိုကျောင်းသွားခါနီးရေချိုးဖို့အရေးမားမားကဘဲနှိုး၊မားမားကဘဲအိပ်ရာထဲကဆွဲထူ၊ရေချိုးခန်းထဲအထိလိုက်ပို့ရတဲ့ခလေးကဒီနေ့ထူးထူးဆန်းဆန်းစောစောစီးစီးနိုးနေသည့်အပြင်ရေပါချိုးအပြီး။

"ဟီးး"

Neoul မားမားကိုသွား 32 ချောင်းပေါ်သည်အထိပြုံးပြလိုက်သည်။ပြီးနောက်မားမားပြင်ပေးထား
သည့်မနက်စာပေါင်မုန့်ကြက်ဥကြော်နဲ့နွားနိုးနဲ့သောက်ကာအချိန်ကြည့်မိတော့ 7:18 ရှိနေပြီဖြစ်၍ နွားနို့ကိုမော့ချကာထရန်ပြင်တော့

"သားဖြည်းဖြည့်သောက်ပါသည်းကုန်အုံးမယ် နေပါအုံးဒီနေ့ဘာပွဲရှိလို့အဲ့လောက်လောနေရတာလဲ"

ဒီနေ့ထူးထူးဆန်းဆန်းပြုမူနေသည့် Neoul ကိုမားမားသတိထားမိသည်။

"ဘာမှမရှိပါဘူးမားမားပုံမှန်ပါဘဲ သားသွားလိုက်အုံးမယ်နော်မားမား"

On Your Knees Neoul !Unde poveștirile trăiesc. Descoperă acum