"အင့်လေ "

မေးငေါ့ကာပြောလာတဲ့လူကြောင့်ရှောင်းကျန့်ကအမြင်ကပ်စွာ မယူပဲရှေ့က ခြင်းထဲက တူ‌အစုံလိုက်သာ ဆွဲယူလိုက်တယ် ။

"အဟားးး"

သဘောတကျရယ်နေသောလူကြောင့် ခက်ရင်းကိုကိုင်ပြီးရှေ့က အသားတုံးကိုစိုက်ပြီး ပါးစပ်ထဲသွင်းကာကိုက်ဝါးလိုက်တော့တယ်။

ဘာရယ်မဟုတ်သူကစားလိုက်ပေမယ့်
တစ်ယောက်သောသူရဲ့မျက်လုံးထဲမှာတော့ တကယ်ကိုဖြစ်ညှစ်ချင်လာမိတယ်။

ရှေ့ကနေပါးတွေဖောင်းကားပြီး နှာခေါင်းရဲရဲလေးတွေ နှုတ်ခမ်းရဲရဲလေးတွေကြည့်ကာ
သူ့မှာပါးစပ်ထဲရေဓာတ်ခမ်းလာရတယ် ။
သူကြည့်နေတုန်း စပ်တာကြောင့်ပါးစပ်ဟကာ
တရှုးရှုးလုပ်နေတဲ့လူသား လျှပ်ခနဲမြင်လိုက်ရတဲ့လျှာရဲရဲလေး !

"ကျစ်! '

ထရပ်လိုက်မယ် အန္တရာယ်များလိုက်တာ ဘယ်လိုတောင်အဲ့တာလေးက ဟူးးး

ကျစ်သပ်ကာမက်တပ်ထရပ်တဲ့ရှေ့ကလူကြောင့် ရှောင်းကျန့်ကစားနေရင်း‌မော့ကြည့်လိုက်တယ်။

ဘာမှမပြောပဲသူထိုင်တဲ့ရှေ့ကို ကိုယ်ကိုင်းလာတဲ့လူ လက်သီးစုပ်ကာမျက်ခုံးများတန်းနေတဲ့လူက အကောင်းကြီးကနေ ဘာထဖြစ်ရပြန်တာလဲ ။

" ချစ်ဖို့ကောင်းတာမှ မှောင်မိုက်စေတဲ့အထိပဲ"

တွေးနေရင်း ကြားလိုက်ရတဲ့စကားကြောင့်
လူကထသီးမိတယ်

'အဟွတ် ဟွတ်'

တစ်ဆက်ထဲမှာ ခပ်ဆက်ဆက်အကိုက်ခံလိုက်ရတဲ့နားရွက်ကြောင့် လူကတူကိုင်ထားတဲ့လက်တွေတင်းတင်းစုပ်မိလိုက်တယ် ။
သေချာပေါက်သူ့မျက်နှာကတော့ ရဲတွတ်နေတော့မှာ ထိုလူကတော့ သူ့နားကနေ ဆိုင်အနောက်ထဲဝင်သွားတာ သေချာပေါက် ဒါက!

"အရှက်မဲ့လိုက်တာ !"

......

သန့်စင်ပြီးပြန်အလာမှာ စားပွဲမှာလူမတွေ့ရတာမို့ မြို့ဝန်မင်းဝမ်ရိပေါ်က မျက်ခုံးများကတန်းခနဲ၊ တစ်ခုခုတွေးမိသွားတာမို့ သွားတန်းတွေပေါ်အောင်ရယ်မိတယ် ။ သူကဒါလေးပြောတာကို လန့်သွားစေသလား နောက်များဆိုရင်...

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now