Unicode
အားလုံးပဲ မတွေ့ရတာကြာပြီရှင်။ တစ်ခုလောက် ဖြေရှင်းချင်လို့ပါ။ မင်းကတော်လေးကို နောက်ဆုံးတင်ထားတဲ့ please read အပိုင်းလေးပြီးရင် ဘာအပိုင်းမှထပ်မတင်တော့ဘူးလို့ သတ်မှတ်ခဲ့ပေမယ့် မထင်မှတ်ပဲ ကော်မန့်လေးတစ်ခုကို တွေ့လိုက်ပါတယ်။ ကိုယ်wattpadထဲကို yizhan one shotလေးတစ်ပုဒ်လာတင်ပြီးထဲကမဝင်ဖြစ်တော့ပဲ New Yearနေ့ကမှ wishလေးလာတင်ပြီး ထပ်မဝင်တော့ပါဘူး။ ရက်တွေတော့သိပ်မကြာသေးဘူးပေါ့ရှင်၊ ကျွန်တော်wattpadထဲတင်စရာရှိတာတင်ပြီး ပြန်ထွက်ေနဖြစ်တာပါ။ အားလုံးကိုလဲပြောဖူးပါတယ် ကိုယ်ကကော်မန့်ဖတ်ရတာကြိုက်သူပါ၊ ဒါကြောင့်မို့ ကော်မန့်တွေကို တစ်ခုစီလိုက်ဖတ်ပါတယ်။ ဘယ်လောက်ထိလဲဆို အရင်ကမန့်ခဲ့တဲ့ကော်မန့်တွေပါ အားရင်ပြန်ဖတ်တတ်တဲ့သူမျိုးပါ။ ဒီနေ့မှထူးထူးဆန်းဆန်း wattpadကို ထဲထဲဝင်ဝင်' ဝင်ကြည့်မိတော့ negative commentမမည်တဲ့ commentလေးတစ်ခုကို ဖတ်လိုက်ရပါတယ်။ ကိုယ်ကတော့ ဝေဖန်ေပးတဲ့ကော်မန့်တစ်ခုလို့ပဲပြောချင်ပါတယ်။ ဒါလေးကို မန့်တဲ့ညီမလေးဝင်ဖတ်ပါ့မလား မသိပေမယ့် ကျွန်တော်ကတော့ နောက်အသစ်ဖတ်မယ့်သူတွေအတွက်ရော ဖတ်ပြီးသားသူတွေကိုပါ ပြောပြချင်ပါတယ်ရှင်။
အားလုံးပဲမင်းကတော်တစ်ပုဒ်လုံးကို ဖတ်ပြီးရင်သိမှာပါ။ တစ်ပုဒ်လုံးကအချိုချည်းပါပဲ၊ တစ်ခန်းမှငိုစရာမပါခဲ့ပါဘူး။ နောက်ဆုံးပိုင်းပဲ အခါးမမည်တဲ့အခါးပါ။ အချိုချည်းပေါ့ပေါ့ပါးပါး ရေးချင်ခဲ့လို့ ဒီဇာတ်လမ်းလေးဖန်တီးခဲ့ပါတယ်။ ဒါကြောင့် ဘာwarningမှပေးစရာမလိုဘူးလို့ ထင်ခဲ့ပါတယ်ရှင်။ ကျွန်တော်ကရှောင်းနဲ့ဝမ့်ရဲ့ romanticအပိုင်းလေးတွေပဲရေးချင်တာမို့ ဒါတွေကိုပဲအဓိကထားပြီးရေးခဲ့တာပါ။ ရှောင်းကမိန်းမရှုပ်တယ်၊ ရှောင်းကတခြားမိန်းမနဲ့ကလေးရတယ်လို့ ကျွန်တော်သတိမပေးမိခဲ့ပါဘူး၊ ဘာလို့ဆို ဒီအပိုင်းတွေကအသေအချာတောင် မဖော်ပြခဲ့တဲ့ အခန်းတွေဖြစ်ပြီး အပေါ်ယံတွေသာရေးထားခဲ့တာဖြစ်လို့ သတိမပေးမိခဲ့တာပါ။ ပြီးတော့ ဒီကိစ္စအားလုံးဟာလဲ အတိတ်ဖြစ်ပြီး past lifeကအခြေအနေတွေပါ။ ဒါတွေသတိပေးခဲ့မိရင်လဲ ကိုယ့်fic ကိုယ်spoilသလိုဖြစ်မှာလဲ စိုးမိပါသေးတယ်။
![](https://img.wattpad.com/cover/298219516-288-k116558.jpg)
YOU ARE READING
𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်
Fanfictionအသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူးသက်သက်ဖြစ်တာမို့ fictionကို fictionလိုမြင်ပြီး လက်ခံနိုင်မှဖတ်ပေးပါရှင်။ Start-14.1.2022 End-13.5.2022 #Crd cover photo