XXIV End

9.2K 660 137
                                    

Unicode

တစ်လကြာပြီးတဲ့နောက် ရှောင်းကျန့်တို့မနက်ဖြန်ဆိုလက်ထပ်ပွဲကျင်းပကြတော့မှာမို့ ဒီနေ့ရိပေါ်နဲ့အတူ ညဘက်လမ်းလျောက်ထွက်လာကြသည်။ ဆောင်းရာသီရောက်နေပြီမို့ ဘေးပတ်လည်က ချယ်ရီပင်တွေမှာ ချယ်ရီပန်းတွေအပြိုင်အဆိုင်ပွင့်ကာ သိပ်ကိုလှပနေကြပြီ။ မြေပြင်မှာလဲ ပွင့်ဖတ်ကြွေတွေကလမ်းတစ်လျောက်လုံးကို ဖုံးလွှမ်းထားတော့ လမ်းကပန်းခင်းလမ်းလေးဖြစ်နေသည်။ သို့သော်ခုထိ ဆောင်းရာသီရဲ့ပထမဆုံးနှင်းမကျသေးပေ။

ရှောင်းကျန့်ကရိပေါ်ကိုပြောလာတယ်။

"အိမ်ကလူ တစ်ချိန်ချိန်ကျွန်တော်ထွက်သွားရရင် ဝမ်းနည်းမှာလား"

ရှောင်းကျန့်ကဒီနေရာကလူတစ်ယောက်မဟုတ်သလို သူများခန္ဓာကိုယ်ကိုယူထားရတာ။ ဒါကိုသူကမေ့မေ့ပျောက်ပျောက်ဖြစ်နေရင်တောင် မသိစိတ်ထဲမှာတော့ သံမှိုလိုပဲ စွဲထင်နေတယ်။ သူများနေရာဝင်ယူထားမှတော့ တစ်ချိန်ပြန်ထွက်သွားရမှာပဲလေ။ အဲချိန်ကဘယ်အချိန်လဲတော့ သူမသိပေမယ့်ပေါ့။

"အသက် ကျုပ်နားကထွက်သွားလို့မရဘူးဆိုတာသိတယ်မလား အသက်ကိုကျုပ်ပိုင်တယ်"

ရှောင်းကျန့်ကပြုံးကာ ရိပေါ်ရဲ့မျက်နှာလေးကိုသေချာကြည့်ပြီး

"ပြောင်းမေးမယ် တကယ်လို့ထွက်သွားခဲ့ရရင် အိမ်ကလူ ဝမ်းနည်းမှာလား"

"အသက်..."

"တကယ်လို့ လို့ပါတယ်လေ တကယ်လို့ဆိုတာအမှန်တကယ်မှမဟုတ်ပဲ"

ရှောင်းကျန့်ကဆူပုတ်ပုတ်ပြောလာတော့ ရိပေါ်ကသက်ပြင်းချလိုက်ပြီး

"ဟင့်အင်း ကျုပ်ဝမ်းမနည်းဘူး ဘာလို့ဆို အသက်သာကျုပ်နားကထွက်သွားရင် ကျုပ်ဆိုတာရှိတော့မှာမဟုတ်ဘူး ဒီလို.. ဒီလိုပုံစံမျိုး မတ်တပ်ရပ်နေနိုင်မှာမဟုတ်သလို အသက်လဲရှူနိုင်တော့မှာမဟုတ်ဘူး ရှောင်းကျန့်ဆိုတာမရှိရင် ဝမ်ရိပေါ်ဆိုတာမရှိဘူး ကျုပ်ရဲ့အသက်ကိုအသက်ပိုင်တာ အဲဒါကြောင့် အသက်ကိုကျုပ်ကအသက်လို့ခေါ်ရတာမဟုတ်လား ကျုပ်အသက်လေးရဲ့"

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now