Unicode
ရိပေါ်မနက်ပိုင်းအစည်းအဝေးရှိတာကြောင့် အစောကြီးထသွားရသည်။ ရှောင်းကျန့်အိပ်နေတာမို့ သူလဲပြောမနေတော့ပဲ ရုံးသို့ထွက်လာလိုက်တယ်။ ရှောင်းကျန့်အိပ်ရာနိုးတဲ့ချိန် ရိပေါ်မရှိတာနဲ့ အောက်ထပ်ကိုဆင်းလာလိုက်တော့ ကြီးတော်မေက သူ့ကိုတွေ့တာနဲ့အနားသို့ ရောက်လာသည်။
"သခင်လေး နိုးလာပြီလား မနက်စာကြီးတော်ပြင်ထားလိုက်မယ်နော်"
"ကြီးတော်မေ အိမ်ကလူရော"
"သခင်ကြီးက ဒီနေ့မနက်အစောအစည်းအဝေးရှိလို့ လွန်ခဲ့တဲ့နာရီဝက်လောက်ကပဲထွက်သွားတယ်သခင်လေး သခင်လေးအိပ်နေလို့မပြောသွားတာတဲ့ အိမ်ပြန်လဲနောက်ကျမယ်ပြောတယ် ပြင်သစ်ကလာတဲ့လူကြီးမင်းနဲ့ တွေ့ရမှာမို့တဲ့ သခင်လေး"
"အော် ဟုတ်ကဲ့ ဒါဆိုမနက်စာစားတော့မယ်လေ ကျွန်တော်ဗိုက်ဆာနေပြီ"
"ဟုတ်ပြီဟုတ်ပြီ ကြီးတော်မြန်မြန်ပြင်ပေးမယ်နော် ခနလေးစောင့်"
ရှောင်းကျန့် မနက်စာစားပြီးတော့ ဧည့်ခန်းထဲမှာခနထိုင်နေလိုက်တယ်။ ဘာမှလဲလုပ်စရာမရှိတာမို့ ပျင်းနေရုံသာတက်နိုင်တယ်။ မနက်ပိုင်းမှာဘာမှလုပ်ချင်စိတ်လဲမရှိသေးတော့ ရှေးခေတ်old version TVကြီးကိုထဖွင့်လိုက်သည်။ ဒီအချိန်ကာလမှာတော့ ဒီTVကနောက်ဆုံးပေါ်ပေါ့လေ။
TVမှာလာနေတဲ့ ဟာသဇာတ်လမ်းကိုကြည့်ရင်း ရှောင်းကျန့်မှာထိုင်ရယ်နေတာ ပျင်းနေတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိ။ နေ့ခင်းဘက်ရောက်တော့ ကြီးတော်မေက ရှောင်းကျန့်နားရောက်လာပြီး
"သခင်လေး အပျင်းပြေမုန့်လေးစားဦးမလား ကြီးတော်ခုနကကွတ်ကီးလေးလုပ်ထားတယ် စားကြည့်မလား"
"ကြီးတော်မေ ခုမှကွတ်ကီးပထမဆုံးလုပ်ဖူးတာမလား"
ရှောင်းကျန့်ရောက်လာထဲက ကြီးတော်မေကတခါမှကွတ်ကီးလုပ်မကျွေးဖူးဘူး။ အခုမှပထမဆုံးလုပ်တာထင်လို့ ရှောင်းကျန့်ကမေးကြည့်လိုက်သည်။
"ဟုတ်တယ် သခင်လေး အိမ်မှာကကွတ်ကီးလဲစားမယ့်သူမရှိဘူးလေ ဟိုတလောက သခင်လေးကွတ်ကီးစားချင်တယ်လို့ပြောတော့ ကြီးတော်အသိစားဖိုမှူးဆီက ဟိုတစ်နေ့ကမှသင်လိုက်တာ"
YOU ARE READING
𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်
Fanfictionအသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူးသက်သက်ဖြစ်တာမို့ fictionကို fictionလိုမြင်ပြီး လက်ခံနိုင်မှဖတ်ပေးပါရှင်။ Start-14.1.2022 End-13.5.2022 #Crd cover photo