Final

3.3K 416 13
                                    


" ငါကတော့နင့်ကိုဆေးရုံမှာထပ်နေစေချင်သေးတယ် ခွန်းငယ်  "

" ၄လလုံးအိပ်ယာထဲမှာနေခဲ့ပြီးပြီလေ ရွှေရည်ရယ် အခုတောင်ပုံမှန်ပြန်ဖြစ်ဖို့မနည်းလေ့ကျင့်ခန်းတွေလုပ် မနည်းကုထားရတာ
ကြာရင်ငါချိသွားလိမ့်မယ် "

" ငါနင့်ကိုစိုးရိမ်လို့ပါ  "

"   ဘာမှမစိုးရိမ်နဲ့နော်
ငါတကယ်သက်သာနေပါပြီ  "

" အင်းပါ
ဒါနဲ့နင်အမေကိုရောထိပ်ထားစံအကြောင်းပြောပြပြီးပြီလား  "

"  ဟိုနေ့ကပဲနင်ပြန်သွားတော့မာမီ့ကိုအေးအေးဆေးဆေးပြောပြထားလိုက်တာ  "

"  သူယုံရဲ့လား "

"  ယုံတာပေါ့ဟ
သမီးဖြစ်သူတစ်ယောက်လုံးရှင်ရက်နဲ့သေသလိုဖြစ်သွားတာကို "

"  ဟုတ်တာပေါ့
ဒါနဲ့ဘုန်းဘုန်းတွေပင့်ဖို့ကရော "

" အိမ်တက်တုန်းကဒီနားကဘုန်းကြီးကျောင်းကဘုန်းဘုန်းတွေကိုပင့်တုန်းကတရားပေးနေရင်းနဲ့ထပြေးကြတော့ မာမီကထပ်မပင့်တော့ဘူးတဲ့
အဖွားကိုးကွယ်တဲ့ဘုန်းကြီးကပဲဒီနေ့သွားပင့်မယ်လို့ပြောတယ် "

" အဲ့တုန်းကထိပ်ထားစံခြောက်လန့်လိုက်လို့နေမှာ
ပေါ့ အခုတော့သူကိုယ်တိုင်ကလက်ခံမှတော့အားလုံးအဆင်ပြေချောမွေ့မှာပါ  "

ထိုစဥ်ခွန်းငယ်အမေမှာလူနာခန်းတံခါးလေးကို
ဖွင့်ပြီးဝင်ကာ
"  ကဲ  .     .      အဆင်သင့်ဖြစ်ပြီလားသမီးတို့ "

"  ဟုတ်  မာမီ  "

"   ဘာတွေသယ်စရာကျန်သေးလဲ အန်တီ  "

" မလိုဘူး သမီး
အန်တီအကုန်ကားထဲထည့်ပြီးပြီ  "

ဒါနဲ့ပဲရွှေရည်နဲ့ခွန်းငယ်အမေလည်းခွန်းငယ်ကိုတွဲကာဆေးရုံမှထွက်လာခဲ့လေသည် ၊၊

ခွန်းငယ်အမေလည်းရွှေရည်အိမ်ကိုအရင်မောင်းပို့ပြီးအိမ်သို့မောင်းလေသည် ၊၊

အိမ်ရောက်သည်နှင့်ခွန်းငယ်ကိုအခန်းထဲပို့ပြီးအထုတ်အပိုးတွေကိုအခန်းထဲတွင်ထားလိုက်လေသည် ၊၊

"  ဘယ်လိုနေလဲ  ခွန်းငယ်
နေရတာအဆင်ပြေရဲ့လား  "

"  အဆင်ပြေပါတယ် မာမီ
ဆေးတွေကအိပ်ဆေးပါလို့အိပ်ချင်နေရုံပါ  "

You've reached the end of published parts.

⏰ Last updated: Jan 04, 2023 ⏰

Add this story to your Library to get notified about new parts!

ခြံအမှတ်(၁၃)Where stories live. Discover now