Ep ( 9 )

2.1K 307 2
                                    

ခွန်းငယ်အိမ်ထဲကိုအပြေးအလွှားဝင်လာသည်မို့ထိုအမျိုးသမီးကတီးလက်စစောင်းကိုရပ်လိုက်လေသည် ၊၊

ထို့နောက်လက်ထဲမှစောင်းကိုစားပွဲတွင်တင်ကာခွန်းငယ်အနားသို့လျှောက်သွားလေသည် ၊၊

" ဒါကဘာဖြစ်လာရတာလဲ ဟန်နီ "

" ကျွန်မကျောင်းကိုသွားတာလေ "

" ဒါ တို့ , သိတယ်လေ "

" ကျောင်းပေါက်ဝလည်းရောက်တော့ခပ်ထွားထွားလူကြီးတစ်ယောက်ကကျွန်မကိုမောင်းထုတ်တယ် "

" တို့ , အစတည်းကပြောတယ်မလား
သူ့နေရာသူ့အပိုင်းအခြားနဲ့သူမို့
မင်းဒီလိုသွားချင်တိုင်းသွားမရပါဘူးလို့ "

" ကျွန်မလည်းကျောင်းကိုလွမ်းလို့ပါ "

ထိုအမျိုးသမီးကလက်နှစ်ဖက်ကိုဆန့်ကာကားလိုက်ပြီး
" ဒီကိုလာပါဦး . . . "

ထိတ်လန့်လာသည့်ခွန်းငယ်ကလည်းထိုအမျိုးသမီးရဲ့ရင်ခွင်ထဲသို့ဝင်လိုက်လေသည် ၊၊

ထိုအမျိုးသမီးရဲ့ရင်ခွင်ထဲရောက်မှပဲခွန်းငယ်လည်းအလိုလိုလုံခြုံနွေးထွေးသွားတော့သည် ၊၊

" ဒါဆိုကျွန်မတို့ကဒီမှာပဲပိတ်မိနေတော့မှာလား "

ထိုစကားကြောင့်သူမကခွန်းငယ်ကိုဖက်ထားရာမှခွာလိုက်ပြီးခွန်းငယ်ကိုကြည့်ကာ
" တို့ , နဲ့အတူရှိတာမပျော်ဘူးလား ဟန်နီ "

" ပျော်ပါတယ်
ဒါပေမယ့် ဒီအိမ်ထဲမှာပဲမနေချင်ဘူးလေ "

" စိတ်မပူပါနဲ့
သဘက်ခါလောက်ဆိုရင်တော့
တို့ ,တွေတူတူအပြင်ထွက်လို့ရပါတယ် "

" အမ် ရှင် . . အဲ
ထား ရောအပြင်ထွက်လို့ရတာလား "

" အွန်း အဲ့ရက်၁ရက်တော့ထွက်လို့ရပါတယ် "

" ဘာလို့လဲ "

" အောက်တိုဘာ ၃၁ လေ "

" အာ . . Halloween Day ပဲ "

" အဲ့နေ့ကျမင်းသွားချင်တဲ့နေရာကိုမိုးမလင်းခင်အထိလွတ်လွတ်လပ်လပ်သွားလို့ရတယ် ဟန်နီ "

" ဒါဆိုမာမီ့ဆီရော "

" သူဘယ်မှာရှိလဲဆိုတာမင်းသိရင်တော့သွားလို့ရတာပေါ့ ဟန်နီ "

" ထား,ကကျွန်မထက်သက်တမ်းပိုရင့်ပြီး
အစွမ်းရှိတာပဲ
သူဘယ်မှာလဲဆိုတာကြည့်ပေးလို့မရဘူးလား "

" အဲ့လောက်ထိတော့တို့ , မှာအစွမ်းမရှိဘူးဟန်နီ
တို့ , နဲ့ပဌာန်းဆက်ပါတဲ့မင်းကိုပဲအနည်းအကျဥ်းမြင်နိုင်တယ် အဲ့လောက်ပဲ "

" အွန်း ဒါဆိုလည်းဘယ်တတ်နိုင်ပါ့မလဲလေ "

ခွန်းငယ်လည်းထပ်ပြီး
" ဒါနဲ့အဲ့ရက်ကျလူတွေကကျွန်မတို့ကိုမြင်နိုင်မှာလားဟင် "

" မြင်နိုင်တဲ့သူလည်းမြင်နိုင်သလို
မမြင်နိုင်တဲ့သူလည်းမမြင်ဘူး "

" ဟူး . . .
ကျွန်မတော့ လေလိုဖြစ်တည်နေတဲ့
ခုလိုဖြစ်တည်မှုကြီးမုန်းလိုက်တာ
ဟိုမရောက်ဒီမရောက်နဲ့
အတော့်ကိုဒုခရောက်တာ "
ထိုစကားကြောင့်ထိုအမျိုးသမီးရဲ့မျက်နှာလေးမှာသိသိသာသာပျက်သွားလေသည် ၊၊

ဒါကိုသတိထားမိတဲ့ခွန်းငယ်ကလည်း
" တောင်းပန်ပါတယ်
ထားနဲ့အတူရှိရတာလည်းပျော်ပါတယ်
ဒါပေမယ့် . . . "

ခွန်းငယ်စကားမဆုံးခင်မှာပဲထိုအမျိုးသမီးက
" တို့ , မင်းကိုထပ်ပြီးဆုံးရှုံးရဦးမယ်ထင်ပါတယ်"

" မဟုတ်တာ . . .
ကျွန်မအခု ထား,နဲ့အတူရှိနေပြီလေ "

ထိုသို့ပြောတော့ထိုအမျိုးသမီးကခေါင်းလေးခါရမ်းပြီး
" မင်းကတို့ , လိုအပြီးတိုင်သေဆုံးသွားတာမဟုတ်ဘူး ခဏတာမေ့မျှောနေတာ "

ခွန်းငယ်လည်းမျက်လုံးလေးပြူးကာပါးစပ်အဟောင်းသားဖြင့်
" ရှင် !!
ဒါဆို . .
ဒါဆို ကျွန်မကမသေသေးဘူးပေါ့နော် "

ထိုအမျိုးသမီးကခေါင်းလေးညိမ့်ပြလေသည် ၊၊

ထိုအတည်ပြုချက်ကြောင့်ချက်ချင်းဆိုသလို
ခွန်းငယ်မျက်နှာလေးအရောင်တောက်သွားပြီးပြုံးပျော်နေလေသည် ၊၊

ထိုအမျိုးသမီးကတော့ခွန်းငယ်မျက်ဝန်းတွေကိုကြည့်ပြီးနာနာကျင်ကျင်ဖြင့်
" သေခြင်းနဲ့ရှင်ခြင်းကိုရွေးချယ်ခွင့်ရမယ်ဆိုရင်
မင်းဘာကိုရွေးချယ်မှာလဲ ဟန်နီ "

ထိုအဖြေကိုခွန်းငယ်မဖြေတတ်တော့ဘဲမျက်လွှာလေးချကာတိတ်ဆိတ်နေလေသည် ၊၊

ထိုအမျိုးသမီးကထပ်ပြီး
" ဘဝချင်းခြားသွားရင်
မသက်ဆိုင်တော့ဘူးဆိုတဲ့
စကားကသိပ်မှန်တာပဲ "

ထိုစကားကြောင့်ခွန်းငယ်လည်းအလိုလိုဝမ်းနည်းသွားလေသည် ၊၊

ခွန်းငယ်တစ်ယောက်ထိုအမျိုးသမီးလက်မောင်းလေးကိုထိတွေ့ရင်း
" အဲ့လိုတော့မပြောပါနဲ့ ထားရယ်
လူကိုစိတ်မကောင်းဖြစ်အောင်
ထား နဲ့ခုလိုအတူရှိရတာ
တကယ်သဘောကျပါတယ် "

ခြံအမှတ်(၁၃)Where stories live. Discover now