Ep ( 2 )

2.4K 301 0
                                    


ခွန်းငယ်တစ်ယောက်သင်္ချာတွက်နေရင်းသာယာငြိမ့်ညောင်းလှတဲ့စောင်းသံကိုကြားရလေသည် ၊၊ ထို့ကြောင့်ဘောပင်လေးကိုင်ရက်ဖြင့်အသံကိုသာအာရုံစိုက်နားထောင်နေလေသည် ၊၊ စောင်းသံမှာတော်တော်နှင့်ပျောက်မသွားတာကြောင့်လက်ထဲမှဘောပင်ကိုစာအုပ်ပေါ်ချကာစမ်းတဝါးဝါးဖြင့်အသံလာရာဆီရှာမိလေသည် ၊၊

ခွန်းငယ်လည်းလျှောက်ရင်းလျှောက်ရင်းဖြင့်အောက်ထပ်ကမီးဖိုချောင်ဆီရောက်လို့လာခဲ့လေသည် ၊၊ ထို့နောက်စောင်းသံကိုဆက်လက်၍မကြားရတော့ပေ ၊၊

စောင်းသံလည်းပျောက်၍အမေဖြစ်သူကိုမီးဖိုချောင်တွင်ရုတ်တရတ်တွေ့လိုက်ရတာ
ကြောင့်ခွန်းငယ်တစ်ယောက်ရင်ဘတ်ပေါ်လက်ကလေးဖိရက်ဖြင့်
" အမလေး  .      .    လန့်လိုက်တာမာမီရယ် "

ည၁၂နာရီထိုးပြီဖြစ်လို့ အမေဖြစ်သူကိုအိပ်ပြီဟုထင်ထားသော်လည်း မီးဖိုချောင်ထဲတွင်ကိတ်မုန့်တစ်လုံးနှင့်အလုပ်ရှုပ်နေသည်ကိုမထင်မှတ်ဘဲတွေ့လိုက်ရလေသည် ၊၊

" ဟော  .    .     . 
မာမီက သမီးကို surprise တိုက်ဖို့ဟာကို "
အမေဖြစ်သူကပြောရင်းကိတ်မုန့်ပေါ်က16ဆိုတဲ့ဖယောင်းတိုင်ဂဏန်းပေါ်မီးညှိလိုက်လေသည် ၊၊

ချက်ချင်းဆိုသလိုခွန်းငယ်မျက်နှာလေးပျက်ယွင်းသွားပြီး
" ဒါတွေလုပ်ရတာ သမီးမကြိုက်ဘူးလို့ပြောထားတယ်လေ မာမီ "

အမေဖြစ်သူကကိတ်မုန့်လေးကိုကိုင်ရက်ဖြင့်ခွန်းငယ်ရှေ့ကိုသာလျှောက်လှမ်းလာသည် ၊၊

" ဘာလို့လဲ ခွန်းငယ်ရဲ့
မာမီက ဒီလိုနေ့ထူးနေမြတ်လေးတွေမှာ
သမီးအတွက်အမှတ်တရကောင်းလေးတွေ
ဖန်တီးပေးချင်လို့ပါ "   

" ကိုယ့်အမေတစ်ယောက်လုံးကိုယ့်ကိုမွေးရင်းသေဆုံးသွားတဲ့နေ့မှာသမီးကိုပျော်ရွှင်နေရမှာလား "
ခွန်းငယ်တစ်ယောက်ပုံမှန်အသံထက်၂ဆလောက်မြင့်သည့်အသံဖြင့်အော်ဟစ်လိုက်လေသည် ၊၊

ထိုစဥ်အမေဖြစ်သူရဲ့မျက်နှာတွင်လည်းချက်ချင်းဆိုသလိုအပြုံးတွေပျောက်ဆုံးသွားပြီး
"  တောင်းပန်ပါတယ်
မာမီ တောင်းပန်ပါတယ်ကွယ် "

ခြံအမှတ်(၁၃)Where stories live. Discover now