အပိုင်း(109) uni&zgi

583 22 1
                                    


The Lengend of the blue sea

အပိုင်း(109) ပြန်လည်ဆုံတွေ့ကြရာဝယ် (2)

အပြာရောင်ရေယက်လေးတွေနဲ့အတူ အပြာရောင်အမြှီးလေးပေါ်လာတဲ့အထိ သူမ‌ငြိမ်သက်နေခဲ့ပေမဲ့ သူမ ငိုနေပါပြီ ဘာဖြစ်လို့လဲဆိုတော့ သူက မေ့ာကျန်းဟိုနဲ့တပုံစံထဲတူနေလို့ပါပဲ

မတူတာတခုထဲရှိတယ် အဲ့ဒါကတော့ ဘာမှမသိပဲစင်ကြယ်နေတဲ့မျက်ဝန်းပြာတစုံကိုပိုင်ဆိုင်တာပါပဲ

ကြည့်တော့လဲ သူက မော့ကျန်းဟိုပုံစံနဲ့သူမနားအကြာဆုံးနေခဲ့တာပဲ

သူ့ရဲ့မသိစိတ်ထဲမှာကိုက သူဟာသူရေသူထီးအဖြစ်လက်ခံထားပြီးသားဖြစ်လိမ့်မယ်

ဒါကြောင့်လဲ မော့ကျန်းဟိုပုံစံကိုပဲ မသိစိတ်‌က ပြန်ပြောင်းလိုက်မိတာနေမှာ

ရီနာနာ မျက်ဝန်းတွေပိုပူလာတော့တယ် သူမ ပြုံးနေတယ် ပြုံးရင်းနဲ့လဲငိုနေမိပြန်တယ် ရေသူမအဖြစ်ပြောင်းထားတော့ သူမရဲ့မျက်ရည်တို့က ခဲသွားပြီး အနီရောင်ပုလဲတွေအဖြစ်ပြောင်းလဲသွားတော့တယ်

သူမရဲ့မျက်ရည်‌တွေက အလုပ်ဖြစ်တယ်ထင်ပါရဲ့ သူက သူမနားပိုတိုးကပ်လာခဲ့တယ် အကွာအဝေး‌နဲနဲလေးပဲ အဲ့နဲနဲလေးမှာ သူမဘက်ကစလှမ်းလိုက်ရင်ဖြစ်ဖြစ် သူဘက်ကဆက်တိုးလာရင်ဖြစ်ဖြစ် သူ့ကိုပွေ့ဖက်ခွင့်ရတော့မှာ

အချစ်အမုန်းတွေကုန်သွားတော့ သူမမှာကျန်တာဆိုလို့ လွမ်းဆွတ်ခြင်းတွေနဲ့စောင့်စားခြင်းတွေပဲ

အခုတော့ သူက သူမရှေ့ကိုရောက်လာပြီ မျက်ဝါးထင်ထင်ပြန်မြင်နေရပြီ

ဒီလူကိုသူမစောင့်ခဲ့တာနှစ်ပေါင်းကိုးသောင်း

လူတစ်ယောက်ကိုချစ်ရင် ငါးနှစ် လွမ်းရင်ဆယ်နှစ်လို့ပြောကြတယ် သူမကတော့ နှစ်ပေါင်းကိုးသောင်းတောင်လွမ်းဆွတ်ခဲ့ရတာလေ

အဲ့နှစ်တွေဆို‌တာက လူတစ်ယောက်‌ကောင်းကောင်းပြောင်းလဲန်ုိင်တဲ့အချိန်တွေပဲ

ဒါပေမဲ့ သူမ သူ့ကို မမေ့နိုင်ပဲ မပြောင်းမလဲစောင့်ခဲ့မိတယ်

သူသေဆုံးသွားပြီဆိုမှသိလိုက်ရတာက သူ့ကိုထင်ထားတာထက်ပိုချစ်နေတယ်ဆိုတာကိုပေါ့

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalTempat cerita menjadi hidup. Temukan sekarang