အပိုင်း(75)uni&zgi

414 23 1
                                    

🌿🌿The Lengend of the blue sea

အပိုင်း(75) ချစ်တတ်သွားတဲ့့အချစ်နတ်ဘုရားမ

"သူမ ဘယ်မှာလဲ"

"ရုတ်တရက်ပျောက်သွားပါတယ်အရှင်"

"အန္တရာယ်ကင်းရဲ့လား"

"အသက်ကျောက်စိမ်းမီးအိမ်မငြိမ်းသလို ထူးထူးခြားခြားဖြစ်ပျက်ခဲ့တာလဲမရှိပါဘူး"

"ဒါဆိုလဲသွားရအောင်ပါ"

အနက်ဝတ်နဲ့လူက သက်ပြင်းတချက်ချပြီး လှည့်ထွက်ဖို့လုပ်လိုက်ပေမဲ့ ရီနာနာက ရုတ်တရက်ပေါ်လာကာ

"ကျွန်မကိုရှာတာလား ဖုကျွင်း(ယောကျာ်း) ?"

လှပတဲ့မိန်းမငယ်လေးက သူ့ရှေ့ပေါ်လာပြီး သူ့ကိုဖုကျွင်းလို့ခေါ်တယ်

"ဖု......? ... ကျွင်း.....?"

အနက်ဝတ်နဲ့လူက သူမကို မေးခွန်းထုတ်သလိုဟန်နဲ့ ရိုက်ချချင်နေတယ်

သူမဘယ်လောက်သိသလဲဆိုတာနဲ့ သူမကိုစမ်းသပ်ချင်ပုံပဲ

သူမစိတ်ပျက်သလို ကျွစ်တချပ်စုတ်လိုက်ကာ

"ဟုတ်တယ် ဖုကျွင်းလေ ရှောင်ဟုန်ပြောတာက‌တော့ ရှင်ကကျွန်မရဲ့ယောကျာ်း ရှောင်ဟုန်ရဲ့အဖေလို့ပြောတယ် ပြီးတော့ ရှောင်ဟုန်ကိုလဲကျွန်မဝမ်းနဲ့လွယ်မွေးခဲ့တာတဲ့ အိုးး ဟိုတနေ့က ကျွန်မအခန်းထဲကိုဝင်လာတယ်ဆို ရှင်းပြချင်စိတ်မရှိဘူးလား ဟမ် ဖု!ကျွင်း! "

"............."

နောက်ဆုံးစကားလုံးကိုအံကြိတ်ပြီးပြောလိုက်တာကြောင့် သွားကျိတ်တဲ့အသံ တကျိကျိကိုတောင်ကြားလိုက်ရတယ်

"ပြောလေ အခုတော့ အ'သွားပြီလား ဒီနေ့ ကျွန်မကိုသေချာမရှင်းပြရင် ကျွန်မနဲ့ရှင် ပြီးဖို့မစဉ်းစားနဲ့"

"ကိုယ် ပြောပြလို့မရဘူး"

"ဟမ့် တစ်ယောက်လာလဲ ပြောပြလို့မရဘူး တစ်ယောက်လာလဲပြောပြလို့မရဘူးနဲ့ ရှင်တို့ဘာဖြစ်နေကြတာလဲဟမ် ကျွန်မကို ဘယ်အချိန်အထိ အရူးလုပ်နေဦးမှာလဲ တသက်လုံး ကျွန်မ မသိနိုင်တော့ဘူးလို့ထင်နေကြတာလား"

"မဟုတ်ပါဘူး ကိုယ်တကယ်ပြောပြလို့မရလို့ပါ မင်းကိုယ်တိုင်လိုလိုလားလားဖျက်ထားတဲ့မှတ်ဉာဏ်တွေပဲ ကိုယ်ပြောပြလဲမင်းဘာမှသိမှာမဟုတ်ဘူး "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalDove le storie prendono vita. Scoprilo ora