အပိုင်း(104)uni&zgi

478 27 2
                                    


The Lengend of the blue sea

အပိုင်း(104)

"ငါ သူမကို ခပ်ဖွဖွလေးပဲကိုင်ထားတာ ဒါပေမဲ့ သူမကိုယ်တိုင်က ငါ့လက်ကိုဆွဲညှစ်စေခဲ့တာ ဟုန်ဟုန်က ဒီလောကကြီးမှာ ဆက်မနေချင်တော့တာပဲ "

"မဖြစ်နိုင်လိုက်တာ သမီ‌းလေးက ဘယ်လိုလုပ်ကို့ယ်ကိုသတ်သေတာဖြစ်နိုင်မှာလဲ အဘိုးကြီး လိမ်မပြောနဲ့ ! ! "

ရီနာနာခေါင်းကို ကမန်းတတန်းရမ်းလိုက်လေတယ်

ဒါပေမဲ့ ဟုန်ဟုန်ကပြောခဲ့တယ် တောင်းပန်ပါတယ်တဲ့

".........."

ဒါ ဒါဆို သူမရဲ့အမုန်းတရားက ဟုန်ဟုန့်ကိုသေစေခဲ့တာလား?

ရီနာနာ ရုတ်တရက်သိလိုက်ရတဲ့အမှန်တရားကြောင့် ကြောင်အသွားခဲ့တယ်

"သမီးလေးအဆင်ပြေပါ့လား"

ဝိုလျန်းက လီယူရီရဲ့ရင်ခွင်ထဲခေါင်းတိုးဝင်နေရင်း ငိုရင်း ရှိုက်ရင်း ပြောနေခဲ့တယ်

လီယူရီက ရီနာနာကိုကြည့်လိုက်ပြီး

"အဲ့ဒါက သမိးလေးကိုယ်တိုင်ရင်ဆိုင်ရမဲ့အမုန်းတရားအမှန်တရားတွေပဲ ဒါမှ ကိုယ်တို့ကလေးကြီးပြင်းလာမှာလေ ကိုယ်တို့ဆက်စောင့်ကြည့်‌ရအောင်ပါ "

ဝိုလျန်းခေါင်းညိတ်ကာ ရီနာနာကိုပဲ မျက်စိမလွဲတမ်းစောင့်ကြည့်နေတော့တယ်

ဖုန်းမင်လဲ ချင်းယွဲ့ကိုရင်ခွင်ထဲဆွဲထည့်လိုက်ပြီး

"ချင်းချင်း ကိုယ် ယန်ကျင်းရဲ့ခံစားချက်ကိုစာနာတယ် ကိုယ့်တုနး်ကလဲ ချစ်တဲ့သူနဲ့ရန်သူဖြစ်ခဲ့ရတဲ့ဒုက္ခကိုခံစားခဲ့ရတာပဲ အခုပြန်တွေးရင် အခုထိကြောက်နေတုန်းပဲ "

ချင်းယွဲ့က သူ့ကိုပြန်သိုင်းဖက်ရင်း ကျောပုတ်ပေးလိုက်ကာ

"မကြောက်တော့နဲ့ အဲ့ဒါတွေကဖြစ်ပြီးသွားပါပြီ "

"အွန်း တော်သေးတယ် ကိုယ်တို့ကတော့ ဒီလိုအရမ်းဆိုးဝါးတဲ့ကံကြမ္မာနဲ့မကြုံခဲ့ရလို့"

ဖုန်းမင် ချင်းယွဲ့ကို တင်းတင်းဖက်လိုက်တယ်

မော့ဟွားကတော့ခွေးစာကျွေးနေတဲ့အတွဲကိုကြည့်ရင်း သက်ပြင်းချမိတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalOù les histoires vivent. Découvrez maintenant