MYOD Part 9

5.4K 344 6
                                    

(Unicode)

မင်္ဂလာဆောင်ပြီးနောက်နေ့မှာပဲ မားနဲ့ခွဲမနေချင်းဘူးဆိုပြီးဂျီကြနေတဲ့ရှောင်းကျန့်ကြောင့်  ရိပေါ်ကရှောင်းအိမ်တော်နဲ့နှစ်အိမ်ကျော်ကအိမ်တစ်ဆောင်ကိုထပ်ဝယ်လိုက်ရတယ် အိမ်ကိုလည်းရှောင်းကျန့်စိတ်ကြိုက်ပြင်ဆင်စေပြီး လက်ရှိမှာတော့ရှောင်းအိမ်တော်မှာသာနေနေတာဖြစ်တယ် အိမ်ကိုပြင်ဆင်တာနဲ့ရော တစ်ခြားလုပ်စရာတွေများနေတာကြောင်းရောကျောင်းတစ်ဖက်နဲ့ရှောင်းကျန့်ပင်းပန်မှဆိုးတာကြောင့် ကျောင်းကိုတော့တစ်လခွင့်တင်ပေးထားလိုက်တယ်

သူတစ်ယောက်ထဲကျောင်းမနားချင်းဘူးဆိုတာကြောင့်လဲ ရိပေါ်ကပါကျောင်းလိုက်နားပေးလိုက်ရတယ် အိမ်ပြင်ဆင်ရမှာကြောင့်ကျောင်းနားတာထက် ရှောင်းကျန့်ကပျင်းလိုနားတယ်ဆိုရင်ပိုမှန်မယ် တစ်နေ့တစ်နေ့သူကအိပ်လိုက်စားလိုက်ကလွဲလို့ဘာမှလုပ်တာမဟုတ်ဘူး ဒါကိုရိပေါ်ကလဲအပြစ်မမြင်

ဒီနေ့ရှောင်းကျန့်နိုးလာတော့ မှန်တင်ခုံရှေ့မှာအပြင်သွားဖို့အတွက် ပြင်ဆင်နေတဲ့ရိပေါ်ကိုတွေ့ပြီး မျက်နှာကအော်တိုဆူပုပ်ပုပ်ဖြစ်သွားရတယ် *အခုသူအမျိုးသားကသူကိုအိမ်မှာတစ်ယောက်ထဲထားပြီးအပြင်သွားဖို့ပြင်နေတာမလား မနေ့ကလည်းသူကိုမခေါ်ပဲသွားတယ် ဒီနေ့လဲသူကိုမခေါ်ပဲသွားဖို့ပြင်နေပြန်ပြီး*

"ပေါင့်ပေ့ နိုးနိုးချင်းဆူပုပ်နေတာပဲ ဘာဖြစ်လိုလဲ"

"ဟွန့် ကျွန်တော်ကိုစကားမလာပြောနဲ့"

*သူကိုတစ်ယောက်ထဲထားပြီးအပြင်သွားဖို့ပြင်နေပြီး အခုသူကိုဘာဖြစ်နေလဲပြန်မေးရဲသေးတယ် ကောနဲ့တိုင်ပြောပြီးကိုဆူခိုင်းအုန်းမယ်ကြည့်နေ*

"ဘာတွေစိတ်အလိုမကြဖြစ်နေတာလဲကွာ ကိုယ်ကိုပြောနော် ငိုတော့မငိုလိုက်နဲ့နော်ပေါင့်ပေ့"

မနေ့ကအိမ်အသစ်ကအတွင်းပိုင်ပြင်ဆင်ပြီးပြီးဖြစ်တာကြောင့် ဒီနေ့သွားကြည့်ဖို့ ရိပေါ်ကပြင်ဆင်နေတာဖြစ်တယ် ဒါပေမယ့်နိုးနိုးချင်းဘာကိုစိတ်အလိုမကြဖြစ်နေလဲမသိတဲ့ယုန်ပေါက်လေးကြောင့် ပြာပြာသလဲချော့ရပြန်တယ် မချော့လိုလဲမရတော့ဘူး ဆူပုပ်နေရာကနေငိုမဲ့မဲ့လေးတောင်ဖြစ်လာပြီး ရှောင်းကျန့်ပုံစံကကြည့်လိုက်ရင်သူကိုကြောက်သလိုလိုနဲ့ အရမ်းကိုချွဲပြီးဂျီကြတက်တာ ဒီပုံစံကိုပဲရိပေါ်မှာလည်းအချစ်ပိုရပြန်တယ်

Make Your Own Destiny (Completed)Where stories live. Discover now