MYOD Part 3

6.6K 447 17
                                    

(Unicode)

*စီနီယာ နာမည်စရင်းပေးဖို့ ကျွန်တော်တို့ထွက်လာပြီးနော်*

*ကိုယ်ဓာလှေကားရှေ့မှာစောင့်နေမယ်*

*ဟုတ်*

ရှောင်းကျန့်ကရိပေါ်ကိုစာပို့ပြီးတာနဲ ယန်ယန် ၊ မင်းယွီနဲ့အတူ အဆောင်2ကိုထွက်လာလိုက်တယ် စီနီယာအတန်းကိုသွားရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတဲ့ယန်ယန်ကိုကြည့်ပြီး ရှောင်းကျန့်နဲမင်းယွီကခေါင်းခါလိုက်တယ်
ဓာတ်လှေကားတံခါးဖွင့်တာနဲ့စောင့်နေ့တဲ့ရိပေါ်ကိုတွေ့တာကြောင့် ရှောင်းကျန့်ကပြုံးပြလိုက်တယ်

"ကိုယ်ကမင်းတစ်ယောက်ထဲလာမယ်ထင်လို့ တစ်ဘူးပဲပါလာတယ်"

"စီနီယာ 3ဘူးယူလာလဲ ကျန့်ကျန့်တစ်ယောက်ထဲပဲသောက်ရမှာ ကျွန်တော်နဲမင်းယွီက နို့နဲ့ပတ်သတ်တာမကြိုက်ဘူးရယ် ဟီး"

ရိပေါ်ကနို့စတော်ဘယ်လီပုလင်းကိုဖောက်ပြီးရှောင်းကျန့်လက်ထဲပေးရင် အားနားပြုံးလေးနဲ့ပြောတော့ ယန်ယန်ကနို့မကြိုက်တာကြောင့်ဘာမှဖြစ်ကြောင်းပြောလိုက်တယ် တကယ်လဲသူနဲ့မင်းယွီကနို့ပတ်သတ်တာတွေကိုဆိုမစားဘူး ရှောင်းကျန့်ကသာကြိုက်တာ

"အင်း ဒါနဲ့တစ်ခါထဲ ကျောင်းသားရေးရာခန်းကိုလိုက်ကြည့်ခဲ့မလား နောက်လဲမကြာခဏလာရမယ်ဆိုတော့"

"ဟုတ်"

ကျောင်းသားရေးရာခန်းထဲရောက်တာနဲ့ ရှောင်းကျန့်တို့ကို ခုံမှာအရင်ထိုင်ခိုင်းပြီး ရိပေါ်က ယန်ယန်နဲ့မင်းယွီအတွက် နို့မပါတဲ့လိမ္မော်အအေးနှစ်ဘူးကိုယူပေးလိုက်ပြီးမှာ မင်းယွီဘေးမှဝင်ထိုင်လိုက်တယ်

"ကျေးဇူးတင်ပါတယ် စီနီယာ"

"ရပါတယ်"

သူပေးထားတဲ့နို့စတော်ဘယ်လီကိုအကုန်သောက်လိုက်တဲ့ရှောင်းကျန့်ကြောင့် ရိပေါ်ကကြေနပ်သွားတယ် ယုန်ပေါက်လေးကသူပြင်ဆင်ထားတဲထောက်ချောက်ထဲကိုလိမ်လိမ်မာမာနဲ့ဝင်လာတာပဲ

"နို့ကအရမ်းကောင်းတာပဲ ဘယ်ကဝယ်လာတာလဲဟင်း"

"ကိုယ်ဖျော်ထားတာ မင်းကြိုက်ရင်နောက်တစ်ခေါက်တွေ့တဲ့ခါကြရင် ထပ်ဖျော်ပေးမယ်"

Make Your Own Destiny (Completed)Where stories live. Discover now