MYOD Part 1

10.6K 450 19
                                    

(Unicode)

ဒီနေ့ပထမဆုံးတက္ကသိုလ်တက်ရမယ်နေ့ဖြစ်သလို ကျောင်းအပ်ရမယ်နေ့လဲဖြစ်တာမို့ ရှောင်းကျန့်ကစိတ်လှုပ်ရှားနေတယ် ဒီလို A City ကနာမည်ကြီး SUMနည်းပညာတက္ကသိုလ်မှာတက်ရဖို့အတွက် ရှောင်းကျန့်ကစာတွေကို နေမအိပ်ညမအိပ်ပဲအများကြီးကြိုးစားထားရတယ် ရှောင်းကျန့်ရဲ့အိမ်မက်က ကွန်ဗျူတာအင်ဂျင်နီယာနဲ့ SUMကျောင်းကနေဘွဲ့ရဖို့ပဲ့ဖြစ်တယ် SUM ကျောင်းရဲသတ်မှတ်စံနှုန်းကအရမ်းမြင့်တာကြောင့် တော်ရုံ omega အများစုက SUMကျောင်းအစား သာမန်ကျောင်းနဲ့ omegaသီးသန့်ကျောင်းကိုသာရွေးချယ်ကြတာများတယ် SUMကျောင်းကနေဘွဲ့ရသွားတဲ့ omegaတွေကလက်ချိုးရေလိုတောင်ရတယ် ဒါကြောင့်လဲ SUMကျောင်းမှာဘွဲ့ရဖို့ကရှောင်းကျန့်ရဲ့အိမ်မက်ဖြစ်လာတယ်လိုပြောရမယ် ရှောင်းကျန့်က နေရာတကားလိုက်စိတ်ပူနေတဲ့ သူ့ပါးနဲ့မားကို သူဘယ်လောက်သန်မာလဲဆိုတဲ့အကြောင်းပြချင်းတယ်

"မားရေ မပြီးသေးဘူးလာ နောက်ကြတော့မယ်"

"ပြီးပါပြီးဟယ် ဖြစ်နေလိုက်တာများ မပြောချင်းဘူး"

ရှောင်းကျန့်ကပထမဆုံးတက္ကသိုလ်တက်ရမယ်နေ့မှာစိတ်လှုပ်ရှားနေသလောက် ရှောင်းပါးတော့မျက်နှာမကောင်းဘူး သူကဖြစ်နိုင်ရင် ရှောင်းကျန့်ကို omega သီးသန့်‌ကျောင်းမှာပဲတက်စေချင်းတယ် SUMကျောင်းက securityနဲ့ပတ်သတ်ပြီး ဘယ်လောက်ပဲနာမည်ကြီးနေပါစေ Enigma နဲ့ Alpha တွေပါရောရောနောနောရှိနေတဲ့ကျောင်းက ‌ရှောင်းကျန့်လို omega တစ်ယောက်အတွက်ကတော့ အန္တာရယ်တွင်းနဲ့အတူတူပဲ့ ရှောင်းပါးကရှောင်းကျန့်ကိုအမျိုးမျိုးဖြှောင်းဖြပေးမယ် ရှောင်းကျန့်ကခေါင်းမားလွန်းတယ် သူကတင်းကြပ်လိုက်တော့ SUM ကျောင်းတက်ရဖို့အတွက် ဘာမှမစားပဲဆန္ဒပြတော့တာပဲ့ ဒါအပြင်ရှောင်းကျန့်ရဲ့ငယ်သူငယ်ချင်းနှစ်ယောက်က သူတို့လဲ SUMကျောင်းမှတက်ဖို့စံနှုန်းမှီပြီးရှောင်းကျန့်နဲ့မေဂျာတစ်ခုထဲတက်မှာဖြစ်တာကြောင့်စိတ်ချ‌ဖို့ပြောလာတဲ့အခါ သူသားစိတ်ချမ်းသားဖို့ ရှောင်းပါးကပဲလက်လျော့လိုက်ရတယ်

ကျောင်းဝန်းထဲဝင်တာနဲ့ မျက်လုံးအပြူးသားနဲ့မြင်မြင်သမျှအံဪနေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရှောင်းပါးနဲ့မားကပြုံးလိုက်မိတယ် ‌ရှောင်းကျန့်ပျော်ရွှင်နေတာကိုမြင်ရတော့လဲ သူတို့ခွင့်ပြုပေးလိုက်တာမှန်တယ်ဆိုတာကိုရှောင်းပါးကသိလိုက်တယ်

Make Your Own Destiny (Completed)Where stories live. Discover now