အခန်း[၁]

Start from the beginning
                                    

ရုတ်တရက်ဆိုသလို ရင့်ကျက်ပြီး ကြင်နာသည့်အသံတစ်ခု သူ့ဘေးနားမှ ထွက်ပေါ်လာသည်။

"မင်းရဲ့ခင်ပွန်းသည်ကို လက်ထပ်လက်စွပ် စွပ်ပေးနိုင်ပါပြီ။အခုကစလို့ ရှေ့ဆက်ပြီး သူရဲ့ခန္ဓာရောစိတ်ဝိဉာဉ်ပါ အမြဲ မင်းအပိုင်ဖြစ်သွားပါပြီ"

လက်ထပ်လက်စွပ်?

စူးယွီလီ ခေါင်းလေး ဟိုဒီလှည့်ကြည့်လိုက်ချိန်မှသာ သူ့ကိုယ်သူ နှင်းဆီဖြူတွေအလှဆင်ထားသည့် ပန်းပင်လယ်ကြီး ဝန်းရံထားသော စင်ပေါ်မှာ ရပ်နေကြောင်းတွေ့လိုက်ရ၏။ကြီးကျယ်ခမ်းနားပြီး စိတ်ကူးယဉ်ဆန်သည့် ပွဲတစ်ပွဲပင်။အဝေးကြီးတွင် ပင်လယ်ပြာကြီး ရှိနေသေးကာ ကမ်းခြေပေါ်၌ ဇိမ်ခံရွက်လှေပေါင်းများစွာကို ဆိုက်ကပ်ထား၏။

လေထဲမှာတော့ ပန်းနံ့သင်းသင်းလေးပျံ့နှံ့နေပြီး ဧည့်သည်တွေက အောက်ဘက်ခြမ်းမှာ ထိုင်နေကြ၏။

လုံးဝ သံသယဝင်စရာမရှိအောင် ဒါက မင်္ဂလာပွဲဆိုတာ အသေအချာပင်။အလွန်ကြီးကျယ်ခမ်းနားလှသည့် မင်္ဂလာပွဲကြီး။
စူးယွီလီ၏ဦးနှောက်တွေပရမ်းပတာဖြစ်ကုန်လျက်။
သူ လက်ထပ်နေတာလား?
သူ အဆောင်ခန်းထဲမှာ အိပ်ပျော်နေခဲ့တာ အသေအချာကြီးပါ။ပြီးတော့ သူက အခုမှ အသက်နှစ်ဆယ်ပြည့်ရုံလေးရှိသေးတာ။ တရာဝင်လက်ထပ်ရမဲ့ အရွယ်ကို မရောက်သေးဘူးလေ!

သူထိုအကြောင်းတွေးနေတုန်းမှာပဲ ခပ်နိမ့်နိမ့်နဲ့ချိုမြိန်မှုတွေရောယှက်နေသည့်အသံတိုးတိုးက သူ့နားနား ကပ်ပြောလာသည်။

"အာရုံလေးစိုက်ပါဦးကွာ"

စူးယွီလီသည်ကား အတွေးထဲနစ်မြောနေဆဲဖြစ်သဖြင့် နားနားက အသံကိုကြားတာနဲ့ မထိန်းနိုင်ပဲ ထခုန်မိသွားသည်။
စူးယွီလီရဲ့ အထိတ်တလန့်မျက်လုံးလေးတွေကို သဘောကျလို့ထင်ပါရဲ့ ထိုလူကြီးက ရယ်မောလာပြီး သူ့ရင်အုံကလည်း နည်းနည်း တုန်ခါသွား၏။သူ့ရယ်သံက ခပ်နိမ့်နိမ့်နဲ့‌အသံလေးလေးစပီကာကြီးတစ်လုံးကဲ့သို့ဖြစ်နေပြီး စူးယွီလီရဲ့ ခြေထောက်တွေကို ပျော့ခွေသွားစေသည် ။

ထိုလူကြီးကပြုံးပြီးမေးလာ၏။

"ဘာတွေတွေးနေတာတုန်း"

လရောင်ဖြူရဲ့အစားထိုးဖြစ်ဖို့ကူးပြောင်းလာခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now