7(Final)

378 49 31
                                    

အဆက်မပြတ် ထိုးသွင်းလာသော လက်သီးထို့ကိုရှောင်ရင်းSide Kick နှင့်ခုခံကာ Reverse Side Kick (반대옆차기)စစ်နှင့် ပြန်လည် တိုက်စစ် ဆက်လိုက်၏ ...

Reverse Side Kick ကြောင့် နောက်ကိုလွင့်သွားတဲ့.. oh minjun ကို နာမည်ဆိုးနှင့်ကျော်ကြားသည့်RoundhouseKick (돌려차기)ကို သုံးကာ ထပ်မံ တိုက်စစ်ဆင်လိုက်၏...

ကမ္ဘာဆွဲအားနှင့် ခေတ္တမျှ လွတ်နေချိန်ဖြစ်၍.. ဝမ်းဗိုက်စီသို့ Oh minjun ထိုးသွင်းလာသည့် လက်သီးချက်ကို ရှောင်နိုင်စွမ်းမရှိပါ...

"Jeongwoo ya!!!"

ကျောနှင့် မြေပြင် ထိသွားခိုက်.. သူငယ်ချင်း ၃ယောက်၏ အော်သံကို ကြားလိုက်ပါ၏... Oh minjun လူတွေကဘက်က အားပေးသံကော... ဖြစ်ပေါ်လာသော smirk တစ်ခုနှင့်အတူ.. ပြန်ထလိုက်ပီး.. ထိုလူသားကို Front Kick တစ်ချက်ကျွေးလိုက်၏...

အားအတော်ထည့်ထားတာမို့.. oh minjun ပါးစပ်ကနေ သွေးတွေ စီးကျလာသည်.. oh minjun က သွေးတွေကို ထွေးထုတ်ရင်း
"အဟား သင်ထားတယ်ပေါ‌ေ့လေ"
"‌ေ*ာက်စကားမများနဲ့"
"ဟ အိုကေလေ"

Oh minjun ဟာရယ်ရင်း.. Jeongwoo စီကို တိုးဝင်လာတာကြောင့် side kick ကို အသင့်ပြင်ထားပေ၏..

Jeongwoo ရဲ့ ကန်ချက်‌ကို ရှောင်ကာ oh minjun ဟာ နံရိုးစီကို လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်..

လဲကျသွားပြန်ပီ.. ပြန်ထရုံပေါ့..
Oh minjun ဟာ အတည်ပေါက် အသေချာလုပ်နေတာပဲ သူ့ရဲ့ အားက အတော်ပြင်းသည်

ဒါပေမဲ့ နံရိုးစီက နာကျင်မှုဟာ တဖြည့်ဖြည့်အောင့်တက်လာပီး ဘယ်လ်ုမှ မထနိုင်တော့ပါ... သူ့အပေါ်အုပ်မိုးလာတဲ့ oh minjun ဟာ .. မျက်နှာထက်တွင် ဒဏ်ရာတွေကိုဖန်တီးနေ၏...

မဖြစ်ဘူး ..ဒီအတိုင်းဆို Junghwanieကို ဒီလူက နှောင့်ယှက်မှာ.. ကိုယ်တိုင် ဘာဖြစ်ဖြစ် ဂရုမစိုက်ပေမဲ့ Junghwan ကိုတော့ ဂရုစိုက်ရမည်...

ဒုက္ခရောက်ချိန်ဆို ပတ်ဝန်းကျင်က ကောက်ရိုးတစ်မျှင် ကိုတောင် အားကိုးတတ်တဲ့ လူ့သဘောသဘာဝအတိုင်း.. Jeongwoo ပတ်ဝန်းကျင်အား မသိမသာအကဲခတ်မိပါ၏..

မျက်ဝန်းဖောင့်စွန်းမှမြင်နေရသည့် Haruto .. သူ့အပြုံးတွေက အဓိပ္ပာယ်တစ်မျိုးဆောင်နေသည်.. ဆောင့်ကြောင့်ထိုင်ချရင်.. ‌အုတ်ခဲ တစ်လုံးကို သူ့စီသို့ မသိမသာ လျှောတိုက်ပစ်ပေး၏...

Mr. Bodyguard Where stories live. Discover now