2

322 49 45
                                    

တိုးတက်ခြင်းရဲ့ Jung တောက်ပခြင်းရဲ့ Hwan. ...အမျိုးသားငယ်ဟာ ထို့သို့ နာမကို ပိုင်ဆိုင်လို့ထားသည်..ဘယ်လောက်တောင်လှတဲ့ နာမည်လေးလဲ

"မင်းက ဘလက်ဆုကြီးတွေ မလိုချင်ဘူးဆိုလို့ အေဂျင်စီကို အတင်းပြောပီး ဒီကလေးကို ခေါ်ထားရတာ...သူက မင်းဘယ်သွားသွား လိုက်လိမ့်မယ်..."
"အာဆို ညဘက်လဲ ဒီမှာနေမှာပေါ့နော်"

Bling bling မျက်လုံးတွေနဲ့ Jeongwoo ကို ဖြတ်ရိုက်လိုက်ရဆိုတဲ့ မျက်လုံးတွေနဲ့ Jihoon ကပြန်ပီး
"ညဘက်တော့ နေမလားဟ..သူက ငါတို့လို အီဆန်သားလေးပဲ...ကလေးကို တအား မနှိပ်စက်နဲ့ကွာ.."
"မနှိပ်စက်ပါဘူး...လာ ညီလေးလာ ကိုယ်တို့ တူတူမနက်စာစားရအောင်"
"ရ-ရပါတယ်.. ကျွန်တော်စားခဲ့ပါပီ"

အတင်းဆွဲခေါ်နေသည်မို့... Jihoon လဲ မနေနိုင်တော့ပဲ
"Park Jeongwoo ငါ့မရွဲ့နဲ့နော်.."
"ရွဲ့စရာလား ကျွန်တော့် ချစ်စရာ Hyung လေးရဲ့ "
"ဖြစ်ရအုံးမယ်"
.
.
.
"Junghwan shiရေ ကိုယ်ခနနေ ကျောင်းသွားမယ်နော်"
"ဟုတ်ကဲ့ အကိုလေး"

Junghwan သုံးလိုက်တဲ့ အသုံးကြောင့် Jeongwoo ရဲ့ မျက်ခုံးတွေ စုကြုံသွားသည်..

"အဲ့လိုကြီးမခေါ်ပါနဲ့ ..မင်း အသက်ဘယ်လောက်ရှိပီလဲ?"
"၂၁.."
"တစ်နှစ်ငယ်တာပဲ Hyung လို့ခေါ်ပေါ့Junghwanieရဲ့"

Hyung...?
"ဒါပေမဲ့ မသင့်တော်--"
"တော်!! ဘာမှထပ်မေပြာနဲ့ နောင်ခါအကိုလေး ထပ်‌ေခါ်လို့ကတော့ Jihoon Hyung နဲ့တိုင်ပြောပစ်မယ်"
"Na-nae"

Junghwan အနေနဲ့ Jeongwoo ကဘာလို့ ဒီလိုခေါ်ခိုင်းတာလဲ မသိပေမဲ့... သူက အလုပ်ရှင်လေ ဘယ်တတ်နိုင်ပါ့မလဲ?

ဒါပေမဲ့ အဲ့ Hyung မျက်လုံးတွေက ကြောက်စရာကောင်းလွန်းတယ် လူကို စားမတတ်ဝါးမတတ်စိုက်ကြည့်နေတာများ..သူ့ကို သဘောမကျလို့လားမသိဘူး...

ဒါပေမဲ့ Junghwanieခေါ်သွားပုံအရတော့ဘအခြေအနေတွေက အပေါင်းဘက်ပြပါတယ်လေ...

ကျောင်းသွားမယ် ပြောသွားတာမို့ Junghwan လဲ ခြံထဲဆင်းနှင့်လိုက်သည်

‌ခြံကျယ်ကြီးဟာ စိမ်းစိုစို အပင်တွေနဲ့ သိပ်ကို လှပပါရဲ့...အေးလဲ အေးချမ်းတယ်
Park Jihoon ကတော့ သစ်ခွပင်တွေနားမှာ ပန်းတွေကို ကြည့်ရင်း ဖုန်းပြောနေသည်..

Mr. Bodyguard Where stories live. Discover now