6

235 43 15
                                    

ခနခန ဟန်ချက်မထိန်းနိုင်ပဲ လဲကျပေမဲ့ ပြန်ပြန်ထတဲ့ သူ့ရဲ့ ဇွဲကို Junghwan လေးစားမိပါရဲ့.. ဘာကြောင့်များအဲ့လောက် ကြိုးစားနေပါလိမ့်...

ထိုင်နေရာမှထကာ တစ်နေကုန် လေ့ကျင့်နေတဲ့ ထိုလူသားအနားသို့သွားရင်း
"Hyung နားတော့.."
"နည်းနည်းလောက် ထပ်လေ့ကျင့်ချင်သေးတယ်"
"Hyung ရဲ့နည်းပြ ကျွန်တော် နားခိုင်းနေတယ်နော်"
"ဟုတ်ပါပီ"

Jeongwoo အား Junghwan ထိုင်နေသည့်နေရာအားဆွဲခေါ်လာကာ energy drink တစ်ဘူးကိုဖောက်ပေးလိုက်၏..

Energy drink ကိုယ်စီကိုင်ကာ jade စံအိမ်တော်မှ မြင်ရသည့်မြင်ကွင်းကို စကားမဆိုပဲ ကြည့်နေမိ၏... Jade စံအိမ်ရဲ့ အားကစားခန်းမဟာ မှန်အပြည့်ကာရံထားတာပီး တတိယထပ်မှာတည်ရှိသည်မို့ အနီးအနားကို စီးမိုးကာမြင်ရသည်

"Hyung သင်ရတာ ဘယ်လိုနေလဲ"
"ခက်တယ် ဒါပေမဲ့ မင်း‌သင်ပေးတာမို့ပျော်စရာကောင်းတယ်"
"ဗျာ?"
"ဗျာ မနေပဲ ဆက်လေ့ကျင့်ရအောင်"
"ဟုတ်ပီ .. ကျွန်တော့်ကို ပြန်လုပ်ပြ"

Jeongwoo တစ်ယောက်လည်း တစ်နကုန်လေ့ကျင့်ထားသည့်အကွက်ကို ပြန်လုပ်ပြလိုက်၏..

"ရပီ နောက်ကွက်လုပ်ပြမယ်"
Junghwan လုပ်ပြသည်ကို Jeongwoo ဟာ သူ့အကျင့်အတိုင်း ခါးလေးထောက်ကာ ကြည့်နေ၏

"ဒီကန်ချက်ကို Side Kick (옆차기/ဘေးကန်ချက်)လို့ခေါ်တယ်... အစောကြီးသင်ထားရပေမဲ့ ..ဒါလဲ အားပြင်းတဲ့ကန်ချက်ပဲ.. ကျွန်တော်ပြန်လုပ်ပြမယ်"

သေချာစွာကြည့်နေတဲ့ Jeongwoo Hyung နှုတ်ခမ်းလေးဟာ အနည်းငယ် ဆူထွက်နေ၏.. Junghwan ကိုယ်တိုင်တောင်မသိလိုက်ပါပဲ..ပြုံးမိလိုက်သည်..

"Hyung ခန္ဓာကိုယ်ကို ၉၀° လှည့်နေတုန်းမှာ ဒူးကို မြှင့်ထား၊ ခြေထောက်ကို ဆန့်ထုတ်ပီး အားသုံးပီးလုပ်ရမယ်"
"Nae!"
"ဒီကန်ချက်ကို အချက်၅၀‌ေလ့ကျင့်ပီးရင် .. ကျွန်တော်တို့နားမယ်.. "
"Nae!!"

Junghwan စကားဆုံးသည်နှင့် စတင်ကာလေ့ကျင့်နေလေသည်..

တိတ်ဆိတ်နေတဲ့ အခန်းထဲဝယ် Junghwanရဲ့အမှားပြင်ပေးသံနှင့်.. countdown ရေသံက သာ ထွက်ပေါ်နေ၏...

"၄၆ ..၄၇.. ၄၈.. ၄၉..၅၀ တော်ပီ Hyung... ညကျ Hyung အားတဲ့အချိန် ၂ခုလံုးပြန်လေ့ကျင့်ထားပါ"

Mr. Bodyguard Where stories live. Discover now