[မသိဘူး..ရန်ဖြစ်မယ်]

Start from the beginning
                                    

"လော်ပဲ..ငါ့ကမင်းကိုကြောက်တယ်များထင်နေလား။အုပ်ကြီးဆိုတဲ့နာမည်ကိုထိန်းနေလို့ကွ!။

"ဖုန်းး!"

"အာ့..သိပြီလေကွာ။အလကားရတဲ့နွားနို့တွေသောက်ပြီးဆောက်ရမ်း..ဆောက်ရမ်း မလုပ်ပါနဲ့လား။"

"အဲ့ဒါအလကားယူလာတာမဟုတ်ဘူး..ခွေးသားလေးရငါ့အကြွေးဝယ်လာတာဟ။လော်ပဲ...မင်းကငါ့ကိုဆို
အလကားစားတဲ့ကောင်လို့ပဲထင်နေတာမလား။"

"ဖုန်း..အုံး!!။"

အကြွေးယူလာတာဆိုပြီးပြောလိုက်၊နှမျောစရာကြီး၊
နွားနို့တွေစျေးတက်နေတာမင်းမသိဘူးလားဆိုပြီး
နီရဲနေတဲ့မျက်နှာကြီးနဲ့အော်လိုက်နဲ့ ရင်ဘက်ကို
တဖုန်းဖုန်းထုနေတာမို့ ရန်ငြိမ်း​အောင်မှာ အတော်လေးကိုနာကျင်လာပြီးချောင်းပါဆိုးချင်လာရတယ်။

"အဟွတ်...သိပြီ၊သိပါပြီကွာ။
မင်းကိုယ့်ကိုအသေရိုက်သတ်တော့မလို့လား
အုပ်ကြီးလုပ်ပြီး လူသတ်မလို့ပေါ့လေ..ဟုတ်လား။"

သိသိသာသာပြောင်းလဲသွားတဲ့လေသံကြောင့်ထင်
နီရဲနေတဲ့မျက်နှာလေးက အသက်ပြင်းပြင်းရှုပြီး
သူ့ကိုပြန်ကြည့်လို့လာတယ်။ အနက်ရောင်
ကိုင်းမျက်မှန်အောက်က မျက်ဝန်းညိုလေးတွေမှာ
ခိုသီနေတဲ့ မျက်ရည်စလေးတွေကိုတွေ့လိုက်ရတာမို့ ခါးသိမ်သိမ်လေးကိုဖက်ထားမိတဲ့လက်တို့က
တင်းခနဲ။

"မင်းငါ့ကိုပြောချင်သလိုပြောပြီး
အခုမှလေပြေအေးနဲ့ လာလုပ်လို့ရမလား။
ငါ့ကိုဆောက်ပြဿနာမရှာခင် အခြေအနေကို
သိအောင်လုပ်ပါလားသောက်ကောက်ကွေးကောင်ရဲ့။!!"

"အင်း..အင်း။"

"မင်းကျတော့ ဟိုကလေးနဲ့သာယာနေတာလေ။
ပတ်ဝန်းကျင်အခြေအနေကိုမသိပဲ ငါ့ပဲ
ဆောက်ပြဿနာလိုက်ရှာနေပြီးတော့။"

"အင်း..ကိုယ်မှားသွားပါတယ် မငိုနဲ့တော့နော် ။
မင်းကို အဲ့ကောင်ကလိုတာထက်ပိုအရေးစိုက်နေလို့
ကိုယ်ကနည်းနည်းမကျေမနပ်ဖြစ်သွားရုံပါ။
ကိုယ့်ကိုယ်ကျ မင်းကအရေးမလုပ်ပဲနဲ့ ကျန်တဲ့လူတွေနဲ့ကျအရမ်းပြုံးနေခဲ့တာကိုး။"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now