Part. 1♡

14K 539 8
                                    

Uni//

သစ်ပင်တန်းတွေအစီအရီနဲ့လမ်းတစ်လျှောက်ကိုမျှော်ငေးနေတဲ့ကျောပြင်တစ်ခု ‌။
ရှေ့တည့်တည့်ကအနည်းငယ်မှိန်ပြနေတဲ့ကျောင်းဆောင်တစ်ခုကိုကြည့်လို့ နှုတ်ခမ်းပါးတစ်ဖက်ကကော့ညွန့်သွားတယ် ။
လေပြေတွေတစ်ချက်အဝေ့မှာပဲ ထိုလူ့ဆီကရယ်သံတစ်ချက်နဲ့အတူစကားသံတစ်ချို့ကိုကြားလိုက်ရပြန်တယ် ။

"အဟက် အသည်းညှာကနူးညံ့သလောက် သိပ်လဲမာကြောတာပဲ ၊ ကျုပ်ဆီပြန်လာဖို့အချိန်ရောက်ပြီမို့ ဒီကကောင်ကဒီလိုပုံစံနဲ့စောင့်နေရင်ရော အရင်လိုပြုံးမပြပဲ ဘယ်လိုမျက်နှာမျိုးလေးနဲ့တုံ့ပြန်မလဲဆိုတာ သိချင်စမ်းပါဘိ အဟင်းး"

လက်ထဲက စက္ကူအနီရောင်အခေါက်လေးတစ်ခုကိုတို့ထိလိုက်မိတယ်၊ သူ့ရဲ့တစ်ခုတည်းသော သူ့မစွန့်လွတ်နိုင်တဲ့ နာကြင်မှုအပိုင်းအစလေးပါနေတဲ့အရာလေးကပဲ သူအမြဲစုပ်ကိုင်ထားတဲ့မြတ်နိုးရာ စာအိပ်‌လေးတစ်စောင်ဖြစ်နေတော့ ။
ဒါကို‌ဘယ်လိုပြောမလဲ သူ့ရဲ့မြတ်နိုးရတဲ့နာကြင်မှုလေးပေါ့ ။

........................

"ကျုပ်ဘက်က ဘာမှမလိုချင်ဘူး ကျုပ်တောင်းထားတာက ထိုအရာတစ်ခုပဲ "

"ဒါပေမယ့် .."

"နေပါအုံး ကျုပ်ပြောလို့မပြီးသေးဘူးလေ၊
သူ့ကိုအသိမပေးပဲနေဖို့တော့လိုမယ်။
ခဗျားလည်းသိမှာပါကျုပ်ဆိုတဲ့ကောင်က
ဘယ်အရာမှ အဲ့လောက် ခယ ပြီးတောင် အပေးအယူမလုပ်ဘူးဆိုတာ ။
အဲ့တော့ ကျုပ်ကမ်းလှန်းတာ လက်ခံပြီး ဒီရုံကိုဆက်လက်‌လက်ခံမလား ၊ ကျုပ်ကိုတန်ဖိုးဖြတ်တယ်လို့တော့မပြောနဲ့နော်
ကျုပ်အသက်နဲ့ဆိုရင်တောင်တန်ဖိုးဖြတ်မှာမဟုတ်တာမို့လေ ။
ဒါကလဲကျုပ်ရဲ့ချုပ်ကိုင်တယ် ဆိုတဲ့ စကားပဲဆိုတာသိထားပြီး လိုက်နာပေးပါ "

လက်က အခါးရည်ခွက်ကိုစားပွဲပေါ်ငြင်သာစွာချကာ အိတ်ကပ်ထဲကထုပ်လိုက်တဲ့ ပဝါအနီတောက်တောက်နဲ့နှုတ်ခမ်းပါးကိုသုပ်ကာ ထထွက်သွားသောလူငယ်တစ်ဦးး ၊

ရုံးချုပ်အရာရှိတစ်ယောက်ကိုအပေးအယူလုပ်ပြီးကမ်းလှန်းတာတဲ့၊ ဒါပေါ့ ဒီကမ်းလှန်းမှုနဲ့တော့ ရှောင်းသခင်ကြီးဆိုသူက စကားမပြောနိုင်ပဲနေပြီးငြိမ်နေမလား ။
ကျေးဇူးကျွေး အင်း ဟုတ်တာပေါ့ သူကတော့ သူ့ကိုမွေးထုပ်ပေးပြီး မမြင်လိုက်ရတဲ့မိဘနှစ်ပါးကိုကျေးဇူးသိပ်တင်မိပါတယ် ။
ကျေးဇူးကျွေးဆိုတဲ့အချက်နဲ့တင်ကို လှည့်ကာပဲ သူကလဲသူလိုချင်တာကို သိမ်းသွင်းလိုက်နိုင်တာလေ ။

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now