သူ့ကို မချစ်ရင်နေပါ ဒဏ်ရာတွေတော့ မပေးပါနဲ့လား

လူတစ်ယောက်ရဲ့ ဘဝက လူတွေရဲ နှုတ်ဖျားမှာတင် သေတတ် လို့ပါ

အစ်မ တဲ့... ဦးလေး သူ့ကိုအစ်မခေါ်ခိုင်းတဲ့သူ့ အစ်မကမိသားစုဆန်ဆန် လူမြင် ကွင်းမှာ ပါးရိုက်ပြဖို့အတွက် တောင် ဦးလေးက လုပ်ပိုင်ခွင့်တွေ ပေးထားခဲ့တယ်လား

တစ်သက်လုံး လှည့်မကြည့်ခဲ့တဲ့ ဦးလေးဆီက သူ့ဒဏ်ရာတွေကို ဖြေသိမ့်ဖို့ ဆေးတွေ ဘယ်တုန်းကမှ မရခဲ့ဘူး
ဆားတွေ ချည်းပဲရခဲ့တာ"

"ငါကရော... သူ့ကိုအဆိုးဝါးဆုံးအရာတွေပဲ ဖြစ်ပါစေလို့ တွေးပြီး ရွေးလုပ်နေခဲ့တာလို့ မင်းထင်လား

ငါသိတယ်...ငါမြွေပွေးကို ခါးပိုက် ပိုက်ခဲ့ မိတယ်ဆိုတာ
ငါသိပ်သိခဲ့တာပေါ့

ဒါပေမယ့် ကျွံမိတဲ့အရာတွေထဲမှာ စကားကတော့ နှုတ်ဖို့ အခက်ခဲဆုံးပဲ
ငါတစ်ရက်မှ Taeအတွက်စိတ်မအေး နိုင်ခဲ့ဘူး
ငါ့အနားမှာ ထားရင် သူဒီလောက်တောင် အသက်ရှည်မှာ မဟုတ်ဘူး
အဲဒါကို မင်းသိလား"

Seok Jin အံ့သြ သွားကာ တွေတွေလေး ဦးလေးဖြစ်သူကို ကြည့်လာသည်။

"ဒါဆို ဦးလေးက"

"ဟုတ်တယ် သူ့အမေနဲ့ငါ တိုင်ပင်ပြီး ကွာရှင်းခဲ့ရတယ်
သူ့ကို ကာကွယ်ဖို့အတွက်
အခု လက်ထပ်ပွဲဆိုတာလည်း သူ့အတွက်ပဲ
သူအင်အား ကြီးနေဖို့ သိပ်လိုတယ်
ဒါမှ သူအသက်ရှင်မှာ
သူ့ကို တော်ရုံလူ မထိပါးနိုင်မှာ"

Seok Jin စိတ်ဓာတ်တွေ အသူတစ်ရာ နစ်တဲ့ ချောက်ထဲသို့ ပြုတ်ကျသွားသလိုပင် ခံစားလိုက်ရသည်။

"သူ့ကို အဲလိုလုပ်လိုက်လို့ အဆင်ပြေလိမ့်မယ်လို့ ဦးလေးထင်လား"

"...."

"သူ့အကြောင်းကို ကျွန်တော် အသိဆုံးပဲ ဦးလေး
စိတ်မပါဘဲ လုပ်ရမယ့် အလုပ်က သူ့အတွက် စိန်ခေါ်မှုပဲ
သူ့ဘဝမှာ သူဖြစ်ချင်တာ လေး နည်းနည်း လောက်ကိုပဲ လိုက်လျောပေးလို့မရဘူးလား"

အချိန်ကောင်းမဟုတ်မှန်းလည်း သိပါသည်။
အချိန်မီလိုမီညား မျှော်လင့်ချက်လေးနှင့် တောင်းဆိုရခြင်းသာ

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now