Part-(23)

3.4K 343 20
                                    

မောင်က လိုချင်တာကို မရရအောင်ယူမယ်

တခြားသူတွေမသိအောင် သိမ်းဖွက် ထားမယ်

မောင်တစ်ယောက်တည်း အပိုင်အဖြစ် မူပိုင်တံဆိပ်လေးကပ်ပြီး မောင့်အနားလေးမှာပဲ မောင့်ပိုင်ဆိုင်မှုလေး ရှိနေရမယ်ဆိုတဲ့

ရိုးရှင်းတဲ့ အတ္တလေးတွေ နဲ့ မောင်က ကျွန်တော့်ကို တုတ်နှောင် ထားတယ်

..... .... ..... ..... ..... ..... ..... ..... .....

"မကြိုက်ဘူး...ပြန်လဲ"

အဝတ်လဲခန်း အနက်ရောင်ဆိုဖာ ကျယ်ကြီး ထက် မျက်မှောင်ကျုံ့ကြည့်နေသူသည် မှုံကုတ်လို့ စိတ်အလိုမကျနေသည်မှာ အထင်းသား

မောင်ပင်စိတ်အလိုမကျသည် မဟုတ်ခဲ့ မောင့်ပိုင်ဆိုင်မှုလေး သည်လည်း စိတ်ရှည်မှုကို အတော်လေးဆွဲဆန့်ထားပုံပေါ်သည်။နောက်တစ်စုံလဲ၍ ထွက်လာတော့ မောင်ပို၍ မျက်မှောင်ကျုံ့သည်။

"မကြိုက်ဘူး"

သူနည်းနည်းလေးမှ မကြိုက်ပါ အရမ်းလှလွန်းနေသည်။ ပွဲသွားရမှာ ဒီလောက်လှနေစရာမှ မလိုဘဲ

"Jeon Jung Kook !!!မင်းလွန်လွန်းနေပြီလို့မထင်ဘူးလား"

"မထင်ပါဘူး"

ပြောလာသည့် သူက မျက်နှာဝံ့ချီလျှက် ဘာမှ ဂရုမစိုက်ဟန်
ဆရာဝန်လေး သည် သူ၏ လင်တော်မောင်အား ပြေးပြီးထုရိုက်ချင်စိတ်တွေ တဖွားဖွား
သည်ဝတ်စုံသည် သူ၏အဆိုးအပေလေး ကောင်းမှုကြောင့် တစ်စုံပြီးတစ်စုံ လဲလာလိုက်တာ ခုနစ်စုံ မြောက်ပင်ရောက်နေချေပြီ
ဝတ်စုံတွေက ဈေးကြီးမှန်းလည်းသိပါသည် တစ်စုံပြီးတစ်စုံ သူမကြိုက်ဘူးဆိုလည်း ဘာကိစ္စဝယ်လာပြီး ဝတ်ခိုင်းနေသေးလဲ

သွားစရာရှိသည်ဟုလည်းပြောသည် အဝတ်လဲခန်း တွင်ပင် တစ်နာရီလောက်ရှိနေချေပြီ
ဆရာဝန်လေး ၏ စိတ်ရှည်သည်းခံမှုသည် အနုတ်ဘက် တဖြည်းဖြည်းရောက်လာပြီမို့ မကြာခင်ထုံးစံအတိုင်း တိုက်ပွဲ စတော့မည်ထင်သည်။

"အင်း..ငါဘာမှ မဝတ်ဘဲ လိုက်ခဲ့ရတော့မလား "

"Jeon Jimin!!! မောင်စိတ်မကြည်ဘူးနော် "

အော်လိုက်တာများ ဆရာဝန်လေးတောင် လန့်ဖျတ်သွားရသည်အထိ
မောင် နှမျောသည် တွန့်တိုသည်ဆိုတာ အလကားမဟုတ်
မောင့်ပိုင်ဆိုင်မှုလေး ကို ခြေလက်တွေ ထုတ်ပြနေရတာကိုပင် ပင်ပန်းလွန်းလှသည်။
အခု အဝတ်မဲ့ခန္ဓာကိုယ်ကိုသာ ပြလိုက်ရမည်ဆို...လုံးဝshock အကြီးကြီးရသွားနိုင်သည်။ မောင့်သွေးတွေသည် ဒိန်းကနဲ ဆောင့်တက်လာသည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now