Jeon Jimin ရယ်ဖို့တော့ မျှော်လင့်၍ မရသော်လည်း
ငိုနေလျှင်လည်း မောင်က သိပ်သိပ်သဘောကျတတ်ပါသည်။
တစ်ဘဝလုံးစာ အတွက် ဘာမှမလိုအပ်
သူ့အရှေ့မှာ မောင့်ယောက်ျား ကရယ်နေခဲ့ လျှင်တော့ မောင် အတိုင်းအဆမဲ့ သဘောကျနိုင်သည်။

ငယ်တုန်းရွယ်တုန်းက ခံစားချက်လေးတွေက သိပ်ရိုးရှင်း လွန်းခဲ့သည်။

ငယ်သေးတဲ့ အိမ်ထောင်သည်ဘဝကို လွယ်လွယ်နှင့် လက်ခံပစ်နိုင်ခဲ့သည့်သူက လွတ်လပ်မှုကို အသေအလဲ ခုံမင်တဲ့သူဆိုတာ ဘယ်သူများ ယုံနိုင်ပါ့မလဲ

ယူမိတဲ့ ယောက်ျားကို မောင်က ယူပဲယူပစ်လိုက်မိတာ ရှေ့တွေနောက်တွေ တမျှော်တခေါ်ကြည့်နေဖို့မအားခဲ့

တစ်သက်လုံး သူ့အနားမှာ ရှိနေလိမ့်မည်ဟု ယုံကြည်ချက်တွေ သိပ်ပြင်းပြခြင်းတွေသည် လွဲချော်နေခဲ့မှန်း သိလိုက်ရချိန်တွင် မောင်ကြောက်လာခဲ့သည်။

တစ်လောကလုံး ကိုအကြီးကြီး ပတ်ရွဲ့လာသူ၏ အကြောက်တရားက ယောက်ျားတစ်ယောက်ကြောင့်
သူငယ်ငယ်ကတည်း က ရင်းနှီးကျွမ်းဝင်မိတဲ့ ယောက်ျားကြောင့်တဲ့
ရိုင်းလိုက်သည့် ရာဇဝင်တွေဆိုတာ

မောင်က အကြောက်တရား ကိုတစ်သက်လုံး စာ တစ်ဘဝလုံးစာ မကြောက်တော့အောင် ရင်ဆိုင်ပစ်လိုက်တော့လည်း
ခေတ္တခဏ လင်ပစ်ပြေးတဲ့ အိမ်ထောင်သည်လေး ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြန်သည်။

ဘယ်ကနေ စပြီးဘာတွေလွဲချော်ခဲ့လဲ မသိတော့သည့် အခြေအနေမှာ သည်အရှုတ်အထုတ်ကြီးက မောင့်လက်ထဲ ရောက်လာခဲ့ပြန်သည်။စိတ်တောင်မကူးမိသည့် အရာတွေ

သည်အသိုက်ဝန်းထဲက သေးသေးကြီးကြီး အနိမ့်အမြင့် ဘဝမျိုးစုံက မောင့်လက်ဖဝါးပေါ်မှာ အစီအစဉ် မရှိဘဲရောက်လာခဲ့ ပြန်တော့

အမျိုးသားတစ်ယောက်ကိုပဲ တစ်ဘဝလုံးစာ တာဝန်ယူဖို့ သာအစီအစဉ်ရှိခဲ့သည့်မောင့်မှာ အတော်လေး ကသောင်ကနင်း တွေ ဖြစ်ကုန်သည်။

"ဘဝမှာ လွဲ ချော်ခဲ့တာတွေ ရှိဖူးလား Hoseok "

ကားနောက်ခန်းထဲမှာ ခြေချိတ်ထိုင်နေခဲ့ပြီး မေးထောက်ကာ မျက်ဝန်းတွေမှေးမှိတ်ထားရင်း မေးလာသူကြောင့် ကားကိုဂရုစိုက်မောင်းနေတဲ့ အတွင်းရေးမှူး ကြီးက

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now