အပိုင်း (၁)

48 3 0
                                    

ရဲကားသံ။

တဖျောက်ဖျောက် ကျဆင်းနေတဲ့ မိုးရေစက်များ ကြားထဲမှ 'ချလပ် ချလပ်' ဖြင့် ကင်မရာမှ မှတ်တမ်းယူနေသံများ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် လူတွေရဲ့ကြောက်လန့်တကြား အာမေဋိတ်သံများ။ ရဲတစ်ဦးက အခင်းဖြစ်ရပ်မှတ်တမ်းများကို ဘောပင်နှင့် စာရွက်ဖြင့်ရေး၍ မှတ်တမ်းတင်လျက်ရှိသည်။

ရေအိုင်များထဲတွင် မိုးရေနဲ့ သွေးတွေရောထွေးနေပြီး ရွံရှာခြင်းမရှိ ထိုအိုင်ကို နင်းသွားကြတဲ့ 'တဗွက်ဗွက်'သော အသံများ။

ဒီအသံတွေကြားထဲကမှ 'ဒုတ် ဒုတ်' လို့မြည်နေတဲ့ နှလုံးခုန်သံ။ နားရှုပ်စရာ ဒီလိုအသံတွေကို ဖြစ်စေခဲ့သူ တစ်စုံတစ်ယောက်ကတော့ သူလိုကိုယ်လို နှလုံးခုန်ခြင်း  အလျင်းမရှိ။ အေးစက်သည့် ကြမ်းပြင်ပေါ်၌ အလှုပ်အရှားမဲ့စွာ လှဲလျောင်းလျက်။

အခုတော့ဖြင့် အေးစက်နေတဲ့ သူမခန္ဓာကိုယ်ဟာ တစ်ချိန်က ကိုယ်နဲ့အတူ ခရီးသွားတစ်ယောက် ကန္တာရထဲမှာ ရေငတ်နေသလိုမျိုး ငရဲမီးဆန်ဆန် နှီးနွယ်ခဲ့ဖူးတယ်လို့ပြောရင် ယုံနိုင်ပါ့မလား။

ဘယ်လောက်တောင်ရယ်ရသလဲဆိုရင်.. အသန့်ကြိုက်တတ်တဲ့သူမက အခုတော့ ညစ်ပတ်နေတဲ့ ကြမ်းပြင်မှာ မလှုပ်မယှက်လှဲနေနိုင်တယ်။ မိုးရွာတာကိုမကြိုက်တဲ့သူမက ‌မိုးရေစက်တွေကြားမှာ ထီးလည်းမပါပြန်ဘူးလေ။ 

ထတော့.. ထပါတော့။ ဘာလို့အဲ့မှာလှဲနေတာလဲ..။ မင်းမကြိုက်ဘူးလေ..။

မင်းက မင်းကြိုက်တာတွေ လုပ်နေရမှ ပျော်နေတဲ့ လူစားမျိုးမလား။ ဒီလိုအခြေအနေမှာ မင်းမပျော်နေဘူးဆိုတာ ကိုယ်သိပါတယ်။

ထပါတော့နော်..။  အနည်းဆုံး... အနည်းဆုံးတော့ ...။

အခု ဒီနေရာမှာ အရုပ်ကြိုးပျက်ရပ်နေမိတဲ့ကိုယ့်ကို ကြမ်းပြင်မှာလှဲနေတဲ့ မင်းလည်း မမြင်နိုင်‌တော့ဘူး။ ရဲတွေကလည်း မင်းကိုပဲ အာရုံစိုက်နေတယ်။ တီးတိုးပြောနေတဲ့ လူအုပ်ကြီးကလည်း မင်းကိုပဲကြည့်နေတယ်။

တော်ကြပါတော့.. မကြည့်ပါနဲ့။ သူမကို အဲ့လိုမျက်လုံးတွေနဲ့မကြည့်ကြပါနဲ့။  ရှင်တို့တွေ အဲ့လိုဝိုင်းကြည့်‌နေရင် သူကြောက်သွားမှာပေါ့ ...။

RevengeWhere stories live. Discover now