Chapter-173 She called him again and still no answer.

2.8K 461 7
                                    

Unicode

"သမီး NTNကို သွားချင်တယ်"

သူမ အရင်နှစ်တွေတုန်းက အကြောင်းကို စုံစမ်းကြည့်ပြီးပြီ။ လူငယ်တီထွင်မှုပြိုင်ပွဲက NTN စောင့်ကြည့်သော ပြိုင်ပွဲများထဲက တစ်ခုပင်။ အရင်တုန်းက ပြိုင်ပွဲအပြီးတွင် ယှဉ်ပြိုင်သူအများအပြားသည် NTNတွင် အလုပ်သင်လျှောက်ရန် အခွင့်အရေးများ ရရှိကြသည်။

ဂူရှီလည်းပဲ သွားချင်မိသည်။ NTN၏ထရိန်နင်းစာရင်းထဲ သူမ ပါသွားပါက ပိုလို့တောင် ပျော်မိသွားလိမ့်မည်။ 

...........

ဂူရှီအခု လုပ်နေတာတွေ အကုန်လုံးက NTNကို တရားဝင် ဝင်နိုင်ရန်နှင့် နောင်တွင် NTNလုံခြုံရေးစစ်စတန်ပရောဂျက်တွင် ပါဝင်နိုင်ရန်ဖြစ်သည်။ ဂူရှောင်းကတော့ ထိုအကြောင်းတွေကို မသိပေ။ ထို့ကြောင့် ဂူရှီ၏စကားကို ဂူရှောင်း အနည်းငယ်ကြောင်သွားပေမယ့် တည်တည်ငြိမ်ငြိမ်သာ ပြုံးပြလိုက်သည်။

"ရတယ်"
ဂူရှောင်းသည် ဂူရှီ၏ခေါင်းကို ပွတ်ကာ ဆိုလိုက်၏။
"ပိတ်ရက်တွေမှာ အဲ့ဒီကို ခေါ်သွားပေးမယ်"

ဂူရှီမှာ ကျောင်းချိန်မရှိလျှင် သူမကို အလုပ်ဆီခေါ်သွားရန်က သူ့အတွက်ပြဿနာမရှိဟု ဂူရှောင်း တွေးလိုက်သည်။

ထို့နောက်တွင် ဂူရှောင်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ဂူရှီအား လေးလေးနက်နက် ကြည့်လိုက်သည်။

"သမီးက လီဆာအကြောင်းကို အတော်ဂရုစိုက်မိနေတာလား?"
ဂူရှောင်း မေးလိုက်သည်။ အမေးဟုဆိုသော်လည်း သူ့အသံက သေချာနေသည့်ပုံဖြစ်၏။

ဂူရှောင်း၏မေးခွန်းကို ကြားသောအခါ ဂူရှီ တွေဝေသွားရသည်။

"မဟုတ်ပါဘူး....."
သူမ အလိုအလျောက် ငြင်းလိုက်၏။

ထို့နောက် ပြန်စဉ်းစားကြည့်တော့ လင်းရိဇယ်၏လရိပ်ဖြူလေးအကြောင်းကို သူမ နည်းနည်း အာရုံစိုက်မိသွားပုံပင်။ ထို့ကြောင့် ဂူရှောင်းက သူမကို ထူးဆန်းနေတယ်ဟု တွေးနေမိတာကိုး။

"အများကြီး မစိုက်မိဘူးလို့ ပြောနေတာတော့မဟုတ်ဘူး......"
ခေါင်းကို ငုံ့ထားလျက် ဂူရှီ အသံဖျော့ဖျော့ဖြင့် ပြန်ဖြေသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now