Chapter-58 "You look so cool eariler, Dad" (2)

4.7K 560 3
                                    

Unicode

"ငါ့သမီးကို နာကျင်စေတာကို ပြန်လက်စားချေဖို့"

အခုဂူရှောင်း၏ပုံစံက ခြိမ်းခြောက်သည်ထက်ကို ပိုလွန်းနေတာဖြစ်နိုင်လောက်ပြီး ကျောင်ချန်းက ချက်ချင်း တုန်လှုပ်ခြောက်ခြားလာသည်။ ကျောင်ချန်းတွေးမိလိုက်သည်ကား ဒီလူက လင်းရှီအဖေ။ ထွက်ပြေးပြီးနောက် လင်းရှီ သူ့အဖေဆီသွားပြီး ဒီမှာဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ပြောလိုက်ပြီး အခုသူက ဒီကို လက်စားခြေဖို့ ရောက်လာတာလား။

.........
ထိတ်ထိတ်ပျာပျာဖြစ်လျက် ကျောင်လျန်း ရှင်းပြလာသည်။
"ငါ..ငါ..ငါ သူမကိုနာအောင် မလုပ်ခဲ့ပါဘူး"

"ငါအမှန်ပြောနေတာ။ ကျောင်စီကမှ သူမကို ဒီခေါ်လာခဲ့တဲ့သူ။ အဲ့ဒါကငါနဲ့ ဘာမှမဆိုင်ဘူး"
ကျောင်ချန်းက အပြစ်အားလုံးကို ကျောင်စီအပေါ် ပုံချချင်နေသည်။

"ကျောင်စီက သေသေချာချာ မပြောခဲ့တော့ ငါလည်း သူမက ကောင်မလေးကို ငါ့ဇနီးဖြစ်ဖို့ ပို့လိုက်တယ်လို့ထင်သွားတာ။ ဒါကြောင့် ငါက လုပ်ဖို့ကြိုးစား......."
ဂူရှောင်း၏မျက်နှာ မည်းမှောင်နေသည်ကို သတိထားမိတော့ ကျောင်ချန်း စကားစကို တစ်ဝက်တွင် ရပ်ပစ်လိုက်သည်။
"ဒါပေမယ့် ငါမအောင်မြင်ခဲ့ပါဘူး"

"သူမက ငါ့ကို ငရုတ်ရည်တွေနဲ့ ဖြန်းပြီး လျှပ်စစ်ကိရိယာတစ်မျိုးနဲ့ မေ့လဲအောင်လုပ်လိုက်တာ။ သတိပြန်ရလာတော့ ငါတံခါးမှာ ညှပ်နေခဲ့တာ"

"အဲ့တာ အဲ့တာ ဟိုတံခါး"
ကျောင်ချန်းက တံခါးကို ညွှန်ပြလိုက်ကာ
"ငါလိမ်နေတာ မဟုတ်ဘူး။ သစ်သားပြားတွေကနေ ကျန်ခဲ့တဲ့အမှတ်သားတွေကို မင်းကြည့်လို့ရသေးတယ်"

တံခါးပေါ်မှာ အမှတ်သားတွေရှိနေသေးတာက အမှန်ပဲဖြစ်သည်။ ကျောင်ချန်းကို ကယ်ပြီးအောက်ချပေးခဲ့သော လူသန်ကြီးတွေကြောင့် ကျန်ခဲ့တာဖြစ်သည်။

"အဲ့မှာညှပ်နေတုန်းက ငါလှုပ်တောင်မလှုပ်နိုင်ဘူး။ သူမရဲ့ဆံချည်မျှင်တစ်မျှင်လောက်တောင် မထိနိုင်ခဲ့ဘူး"

ကျောင်ချန်းပြောပြနေတာတွေကို နားထောင်ပြီး ဝမ်လုနှင့်တခြားသူတွေဟာ ဝမ်ဝူ၏အစီရင်ခံစာက ပျောက်နေတဲ့အပိုင်းတွေကို ဖြည့်စွက်သိသွားကြသည်။

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီNơi câu chuyện tồn tại. Hãy khám phá bây giờ