အပိုင်း(104)uni&zgi

Start from the beginning
                                    

"ကျွန်မတို့တုန်းကထက် ပိုပြင်းထန်တာပဲ ကြည့်ပါဦးနှစ်ဖက်တိုက်တာ ‌သောင်းချီသိန်းချီတဲ့စစ်သားတွေက ရာကျော်လေးပဲကျန်ခဲ့တော့တယ် အနီနမိတ်ကိုရပေမဲ့ ဒီလောက်ထိပြင်းထန်ရက်စက်လိမ့်မယ်လို့တော့မထင်ထားခဲ့ဘူး ဒါပေမဲ့လဲ တခုသက်သာတာက အချစ်နတ်ဘုရားမရဲ့အာရုံက အထက်ဘုံတခုမှာပဲရှိနေလို့ မဟုတ်ရင် ဘုံသုံးဘုံဟာ ဘယ်လောက်တောင် ထိခိုက်လိုက်မလဲ"

"ဟုတ်တယ် ဒီအထက်ဘုံပြီးသွားရင် အောက်ကဘုံနှစ်ဘုံဖက်လှည့်မသွားဖို့ပဲဆုတောင်းရမယ် မဟုတ်ရင် ကိုယ် နာနာ့ကို မတိုက်ခိုက်ချင်ဘူး အချင်းချင်းတွေလေ တစ်ယောက်နဲ့တစ်ယောက်ဓားရွယ်တာကိုက မှားယွင်းနေပြီ သတ်ဖို့ဖြတ်ဖို့ဆိုတာကတော့ ပြောမနေပါနဲ့တော့"

"ဟုတ်တယ် အဲ့ဒီအခါ ဝိုလျန်းကျဲထိန်းနိုင်ပါစေလို့ပဲဆုတောင်းရမယ် "

အားလုံးရဲ့မျက်စိရှေ့က ရီနာနာကတော့ သူမရဲ့မျက်ရည်တွေတဖန်စီးထွက်လာတာကို မထိန်းသိမ်းနိုင်ခဲ့ဘူး

ဒါပေမဲ့လဲ သူမ ကောင်းကင်မင်းကြီးဘက်လှည့်ကာ

"ရှင်ပြောတိုင်းယုံရအောင် ကျွန်မကအရူးလား ဟားးဟားး မတော်တဆသတ်မိတယ်? ဟုတ်လား? ကောင်းပြီလေ ဒါဆိုလဲ ရှင့်သားရဲ့နှလုံးကို မတော်တဆဖျစ်ညှစ်ကြည့်လိုက်တာပေါ့ ဟားးဟားးး ဟားးဟားးးဟားးး"

ရီနာနာပြောလိုက်ပြီးတာနဲ့ ယန်ကျင်းရဲ့နှလုံးကိုချေမွလိုက်တယ်

သူမ လက်နဲ့ချေမွလိုက်တာနဲ့ အဲ့ခုန်လှုပ်နေတဲ့နှလုံးသားက တစချင်းစီဖြစ်သွား‌တော့တယ်

ယန်ကျင်းက တခေါက်ပဲနာကျင်လွန်းလို့သွေးအန်လိုက်ပေမဲ့ သူ့မျက်နှာကတော့ပြုံးနေဆဲပဲ

"ကျေးဇူးတင်ပါတယ် ပြီးတော့ တောင်းပန်ပါတယ် ကိုယ်မင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူး ဟုန်ဟုန်ကိုရော မင်းကိုရော တာဝန်မကျေခဲ့ဘူး ရီရီ ကိုယ်မင်းကိုချစ်ခဲ့တာ တကယ်ပါ အစကတော့ အကြံအစည်နဲ့ချဉ်းကပ်ခဲ့တာမှန်ပေမဲ့ ကိုယ်မင်းကိုချစ်တယ်လို့သိလိုက်ထဲက မင်းကိုကာကွယ်ပေးခဲ့တာပါ မင်းကိုလိမ်မိတယ် အဲ့ဒါ ကိုယ်မှားပါတယ် ကိုယ့်ကိုခွင့်လွတ်ပါနော် ကိုယ့်ကိုမုန်းနိုင်တယ် ကိုယ့်ကို မချစ်ပဲ‌နေလဲရပါတယ် ဒါပေမဲ့ ကို့ယ်ကို မေ့တော့မမေ့လိုက်ပါနဲ့ "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now