" လက်မခံရင် ကိုယ်စိတ်ခုနေမှာသေချာတယ် အဲတော့ကိုယ်ထပ်ပြောမယ် တောင်းပန်တဲ့အနေနဲ့ ကိုယ်နဲ့ အတူတူ ကော်ဖီတော့ လိုက်သောက်ပေးပါ "

တည်ကြည်ပြတ်သားစွာစကားဆိုသော လွမ်းဦးတိုင်စေ ပုံစံကိုကြည်ကာ တဖက်လူကလည်း မတက်သာသဖြင့်

" ကောင်းပါပြီ ကိုယ်လက်ခံပါတယ် "

တဖက်လူမှ စကားဆိုလိုက်ရာ လွမ်းလည်းပြုံးပြလိုက်ပြီး ကော်ဖီဆိုင်ထဲကို အတူတူ၀င်သွား၍ ဆိုင်ရဲ့ လွတ်နေသော ခုံမှာနှစ်ယောက်သား၀င်ထိုင်ကာ Latte Coffee နှစ်ခွက်ကို မှာပြီး စောင့်နေရင်း

" ဒါနဲ့ မင်းနာမည်က ဘာလဲ ကိုယ်မင်းကို ဘယ်လို ခေါ်ရမလဲ မသိလို့ပါ "

" ကိုယ်နာမည်က သူရိယမဟာခမ်း အသက် 25
ခဗျားလေးကကော "

" ကိုယ်နာမည်က လွမ်းဦးတိုင်စေ အသက် 41 ပါ "

" ဟ့ ကိုယ်ထက် အသက်ကြီးတာပဲ မထင်ထားဘူး
ခဗျားလေး ပုံစံနဲ့ "

" ဟော့ဗျာ ဘာလို့လဲ သူရိယ ရဲ့ "

" ခဗျားလေးက အတော်နုတယ်လေ ကိုယ်ထင်တာ 20 ကျော်ပဲထင်နေတာ စကားမစပ် ခဗျားလေးက အတော်လှတယ်နော် "

" ဟားဟား ~ သူရိယရယ် မြှောက်ပင့်ပြောနေပြန်ပါပီ ကိုယ် အသက်ကြီးပါပြီ မငယ်တော့ပါဘူး "

" ဟုတ်ပါပီဗျာ ခဗျားလေး ကို မြှောက်ပြောနေတာ မဟုတ်ရပါဘူးဗျာ အမှန်ကိုပြောနေတာပါ ဟားဟား "

သူရိယက ခပ်ကျဲကျဲရယ်ကာပြောလိုက်လေရဲ့

" ဟုတ်ပါပီ ဒါနဲ့ သူရိယ ကိုယ်ကို အကူအညီလိုရင်ပြောလေ "

ပြောနေရင်း Waiter ကောင်လေးမှ Coffee နှစ်ခွက်လာချပေးတော့ လွမ်းလည်း ပိုက်ဆံအိတ်ထဲမှ Card ထုတ်ကာ ရှင်းလိုက်ပြီး တစ်ဖန် သူရိယကို ပြန်ကြည့်လိုက်ကာ

" သောက်ပါ သူရိယ ကိုယ်စကားဆက်ရင်း ပြောတဲ့ အတိုင်းပဲ အကူညီလိုရင် ကိုယ်ကို ပြောလေ ဘာမှဆို ကိုယ်ကူညီပေးပါ့မယ် "

သူရိယလည်း ကော်ဖီခွက်ယူကာ တစ်ငုံသောက်ပြီး စားပွဲပေါ် ကော်ဖီခွက်ပြန်ချကာ လွမ်း ကို သေချာကြည့်ရင်း

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Tahanan ng mga kuwento. Tumuklas ngayon