တိုင်းပြည်သည် ကြွယ်၀ချမ်းသာမှုအရဆိုသော် အတော်အသင့်သာဖြစ်ပြီး ပညာရေးအားကောင်းသည်။  တိုင်းပြည်၏၀န်းကျင်တွင် သက်တမ်းအရ ကြာမြင့်ပြီဖြစ်သော အပင်ကြီးများဖြင့်အုပ်ဆိုင်းလို့နေသော်လည်း အပြင်အဆင်အားဖြင့်တော့ ခေတ်မှီဆန်းကျယ်သည်ကို မြင်တွေ့လိုက်ရသည်။

ဆက်လို့ဆွဲကြည့်နေရင်းကနေပဲ vedio file တစ်ခုကိုတွေ့လိုက်သည်ကြောင့် ဖွင့်ကြည့်လိုက်တော့ တိုက်ဆိုင်စွာနဲ့ပဲ ထိုဖိုင်က  မိဖုရား၏ ဟောပြောပွဲတစ်ခုမှ short vedio ဖြစ်နေသည်။

"ကျွန်မအားလုံးအတွက် ဂုဏ်ယူမိပါတယ်။" ဒီလိုစကားလေးနဲ့တင် ပေါ်ထွက်လာတဲ့ လက်ခုပ်သြဘာပေးသံတွေက သောင်းသောင်းဖြဖြ ဖြစ်နေသည်။

လက်ခုပ်သံများကြောင့် ခေတ္တ ငြိမ်သက်ပေးလိုက်တဲ့ မိဖုရားရဲ့မျက်နှာဟာ အပြုံးရိပ်လေးတွေ၀ပ်တွားလို့နေလေသည်။ ‌ရွှေရောင်ကဲ့သို့ ၀င်းဝါနေသော အသားအရည်ပိုင်ရှင်က အုနုနေသော လက်တစ်ဖက်ကိုမြှောက်ကာ လက်ခုပ်သြဘာသံတွေကို စဲသွားစေပြီးနောက် ပေါ်ထွက်လာတဲ့ အပြုံးပါးပါးလေးက ကြည့်သူရင်ကို အေးမြသွားစေသည်။

ဒီနေရာမှာတင်ပဲ ငယ်ကတော့ ဖုန်းကိုကြည့်နေရင်းနဲ့...."ချောလိုက်တာ။ "လို့ ပြောထွက်သွားတော့သည်။ 

အစောကအထိ ငယ်သိသမျှထဲမှာ အလှဆုံးဖြစ်သော မမနေခြည်သည် Vay Castle၏ မိဖုရားနဲ့ ယှဥ်််တွဲကာ မြင်ယောင်ကြည့်လို့ မရနိုင်သည်အထိဖြစ်သွားရသည်။

ခေါက်တုန့်ခေါက်ပြန်နဲ့ ဒီVedioလေးကို ကြည့်နေတာ ဘယ်နှခေါက်ရှိသွားပြီလဲဆိုတာကို ငယ်ကိုယ်တိုင်လည်း မသိတော့ ပေ။ ဒါကိုသူက ငယ့်အား...

"နင် အဲ့ဒီဖိုင်ကို ကြည့်နေတာ ဘယ်နှခေါက်ရှိပြီလဲ သမီးငယ်" ဆိုပြီးမေးလာလေသည်။

"သူက မလှဘူးလား။ "

"လှပါတယ်...ကဲ တော်ပြီ။ " 

ငယ့်လက်ထဲက ဖုန်းကို သူက ဆွဲယူသွားပြီး ဘေးမှာရှိတဲ့ ခုံပေါ် ကိုတင်လိုက်သည်။ ပြီး‌နောက်တွင် ငယ့်ဘက်ကိုပြန်လှည့်လာပြီး  ငယ့်ကို ရင်ခွင်ထဲမှာ နစ်မြုပ်နေအောင် ဖက်ထားသည်။ သူနဲ့ ငယ့်ကြားမှာ ပြောစရာစကားတွေ မရှိတော့သလိုနဲ့ သူကလည်းငယ့်ကိုပဲ ပိုတိုးလို့ဖက်ထားသလို ငယ်ကလည်း သူ့ရင်ခွင်အနွေးဓာတ်ဆီမှာ  ယစ်မူးလို့နေရင်းနဲ့  ငယ်တို့နှစ်ယောက်လုံးတိတ်ဆိတ်နေကြတော့သည်။

အချစ်ဦး (Completed)Where stories live. Discover now