"ရောင်ဝါ...."
ညအချိန်ဧည့်ခန်းတွင် မီးမှိတ်ထားလျက် အမှောင်ရိပ်တွင်လှဲလျောင်းနေသော သူ့အား ရောင်ဝါကမြင်ဟန်မတူပဲ ခေါ်သံကြားမှ ရှာဖွေလို့နေသည်ကို သူမှန်းဆမိသည်။
"အိပ်ခန်းထဲပြန်သွားတော့။"
"မသွားဘူး..ညီ"
ညနေတည်းက သူ့စိတ်ထဲမသင်္ကာသည်ကြောင့် ဒီတစ်ညမှာ ဧည့်ခန်းထွက်အိပ်တာ မှန်သွားသည်။ ညသည် ၂နာရီကျော်ပြီမို့ အားလုံးအိပ်မောကျနေသည့်အချိန်မှာ ရောင်ဝါအပြင်ထွက်ဖို့လုပ်တော့သည်က သူ့ဆီမှာမိသည်။
"ငါ စိတ်မဆိုးချင်ဘူး ရောင်ဝါ၊ သွား...ဒရယ်ဂွန့်ကို အားနာဦး။ သူ့မှာ မင်းကြောင့်နဲ့တော်တော်လေး ခံစားနေရတာ..."
"ဖယ် ငါ့ကိုလွှတ်..."
လက်ကို နောက်ပြန်လိမ်ထားသည့် ကြားမှ ရောင်ဝါကအတင်းရုန်းသည်။ မူးယစ်ဆေး၏သားကောင်ဖြစ်နေသော်လည်း အားကစားသမားပေမို့ ခန္ဓာကိုယ်သန်မာမှုက ထည်ဝါ့နီးနီးရှိသည်။ ထိုကြောင့် ထည်ဝါ့ဘက်ကလည်း လုံးဝကိုသတိမလွှတ်ရဲပဲ မြဲမြံစွာနှင့်ဆုပ်ကိုင်ထားရသည်။
"ကျစ်...ဒီကောင်လေးကွာ"
ပြောပြီးချက်ချင်းပဲ လျှင်မြန်စွာနှင့် ထည်ဝါကိုင်ထားသည့် လက်တွေကို လှုပ်ရှားလိုက်ပြီးနောက်မှာပဲ နောက်မှာရှိနေသည့် ထည်ဝါ့ကိုယ်ကို ရှေ့သို့ကိုင်ပေါက်ပစ်ချလိုက်တော့သည်။ ဒီအခိုက်အတန့်လေးမှာ ရောင်ဝါသည် ထည်ဝါဟာသူ့ညီလေးဆိုတာကိုပါ မေ့နေပုံရသည်။"ဘာဖြစ်တာလဲ..."
ဧည်ခန်းထဲက အသံကြောင့် ချက်ချင်းပဲ မီးဖွင့်သံနှင့်အတူ ရပ်နေသည့်နေခြည်က မတ်တပ်ရပ်နေသည့်ရောင်ဝါနှင့် ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားဖြင့် မျက်နှာမဲ့နေသောအငယ်လေးထည်ဝါကို တွေ့လိုက်ရလေသည်။
"ရောင်ဝါ နင်ဘယ်လိုလုပ်လိုက်တာလဲ။"
ဒေါနဲ့မောနဲ့လျှောက်လာသော နေခြည်က ထည်ဝါ့အနားကို ဆက်တိုက်ဆိုသလိုလျှောက်လာပြီး ရောင်ဝါ့ဘက်သို့လှည့်ကြည့်ကာ ပြောသည်။ သို့သော်လည်း ရောင်ဝါသည် နေခြည့်စကားကိုလစ်လျူရှုပြီး အိမ်၏အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
YOU ARE READING
အချစ်ဦး (Completed)