"အဟွတ် အဟွတ်...."
ချောင်းသံနှင့်အတူ ထွက်ကျလာသော နှုတ်ခမ်းမှရေများကြောင့် သူသည် သမီးငယ်၏ကိုယ်ကို အနည်းငယ်ထူမတ်ပေးလိုက်သည်။ ထူမတ်ပေးပြီးနောက်တွင် သမီးငယ်က ကျန်ရှိသောရေများကို သဲသောင်ပြင်သို့ ထွေးထုတ်သည်။
ပြီးနောက်တွင်တော့ သူရင်ခွင်ကို မှီခိုလာရင်း သူ့အား ဖျော့တော့စွာနှင့်ငေးကြည့်တော့သည်။
"နောက်တစ်ခါ ချောင်းသာကိုလာရင် ငါကိုယ်တိုင် နင့်ကိုရေနစ်သတ်ပစ်လိုက်မယ် သမီးငယ်။ အရမ်းသွားချင်လာချင်ဖြစ်နေတဲ့ နင့်ခြေထောက်တွေကို မနှမြောရင် နောက်တစ်ခါသွားကြည့်လိုက်......."
ကြက်သီးဖြန်းဖြန်းထ,စေသော သူ့စကားကြောင့် သမီးငယ်သည် သူ့ရင်ခွင်ဆီပိုမိုလို့ တိုးဝှေ့လိုက်ရင်း အားယူကာ ပြောလိုက်သည်က...
"ရေသူမကို မြင်ဖူးချင်လို့လာတာ""နင်တော့ သေချင်နေပြီ..."
ပြောလည်းပြော ထ,လည်းထမို့ သမီးငယ်သည် သူ့လက်များဖြင့် ကိုင်စောင့်ခြင်းလို့မပြောပါးလောက်သည့် ကြမ်းတမ်းစွာပွေ့ချီယူမှုကို လက်ခံလိုက်ရတော့သည်။
"မျက်လုံးမှိတ်ထားတော့...."
ရွေ့လျားနေသည့် သူကို ငေးကြည့်နေသည်ကို သူကတားမြစ်လာသည်။ ဒီတစ်ခေါက်တော့ ငယ်သူ့စကားကို နာခံလိုက်သည်။ ငယ်ကိုယ်တိုင်လည်း တကယ်ကို ပင်ပန်းနေတာမို့ သူ့ကိုပဲယုံကြည်ပြီး ငယ်နှစ်နှစ်ခြိုက်ခြိုက်နဲ့ အနားယူလိုက်တော့သည်။
အိပ်စက်လို့ အနားယူနေရာကနေ အားအင်တွေအပြည့်နှင့် လှပသောမနက်ခင်းတစ်ခုကို သူမသည် ဆွတ်ပျံ့သောလေထု၏ထိတွေ့မှုနှင့်အတူ နှုတ်ဆက်လိုက်သည်။ ထည်ဝါရောက်လာသည်ဆိုသော အသိက အာရုံဦးရဲ့ထည်ဝါခြင်းကို ပိုလို့ပီပြင်စေပါသည်။
"ထည်ဝါ..."
ကိုယ်ပေါ်တွင် ခြုံပေးထားသော စောင်ကို ခွာချခဲ့ပြီး ဟိုတယ်အခန်း၏တံခါးကို ဖွင့်ဖွင့်ချင်းမှာပဲ ငယ်တမ်းတမိတာ သူ့ကိုပင်။ ငယ်ရဲ့ချစ်ရသူ အမျိုးသားဟာ နှစ်နှစ်အတွင်းမှာ သိပ်ကိုပြောင်းလဲသွားခဲ့သည်။
YOU ARE READING
အချစ်ဦး (Completed)