အပိုင်း -၃၆၇

553 31 0
                                    

Unicode

အပိုင်း ၃၆၇ - နင် ငါ့ ကို အကောင်းဆုံး ဆက်ဆံပေးတယ် (၄)

သူတို့၏ရန်ပွဲသည်  အစဖြစ်တည်လာသော်လဲ စော်ကားပြီးပြီဖြစ်တာကြောင့် ၏ ဘက်တီသည် မုရှောင်းရှောင် ကို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။

မုရှောင်းရှောင် က အကြံကြီးစွာ ရယ်မောလိုက်သည်။

"ငါ နင့်ကို မဆူငေါက်ချင်ပါဘူး ဒါပေမယ့် ရိုက်ချင်တယ်!"

အံကြိတ်ထားသော လေသံဖြင့် နောက်ဆုံးစကားလုံးကို ပြောပြီးနောက် မုရှောင်းရှောင် သည် ဘက်တီ၏ကော်လာကို အတင်းဆွဲကာ သူမမျက်နှာကို အားရပါးရ  ပါးရိုက်လိုက်သည်။

“ဖြန်း—”

ပါးရိုက်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ မုရှောင်းရှောင်သည် ဤထက်ပို၍ လှပသော အသံကို တစ်ခါမျှ မကြားဖူးခဲ့။ ထိုအရာသည် ယခင်က သူမကြားဖူးသည့် သီချင်းများထက် များစွာ ကျေနပ်စရာ ကောင်းခဲ့သည်။

ဘက်တီ၏မျက်နှာပေါ်တွင် လက်ဖဝါးအနီတစ်ခု ရရှိခဲ့သည်။ ဘက်တီသည် မယုံကြည်နိုင်စွာ ပါးပြင်ကို ဆုပ်ကိုင်ရင်း သူမ မျက်လုံးများ ပြူးကျယ်လို့နေသည်။

"Y- ‌နင်  နင် ... ကောင်မ ! နင် ငါ့ကိုဘယ်လိုလုပ် ရိုက်ရဲရတာလဲ"

"ငါ နင့်ကို ကြိုက်တဲ့အချိန် ရိုက်နိုင်တယ်!"

မုရှောင်းရှောင် က သဘောကျစွာဖြင့် လှောင်ပြောင် ရယ်မောလိုက်သည်။ ဘက်တီကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲချလိုက်ပြီး ရပ်နေသည့် အနေအထားမှ သူမကို ငုံ့ကြည့်နေလိုက်သည်။

“နင့်ကို သိအောင် ပြောပြပါရစေ။ နင် ငါ့ကို ကြိုက်သလို လှောင်ပြောင် နိုင်တယ် ဒါပေမယ့် ငါ့နိုင်ငံကိုတော့ ဘယ်တော့မှ မစော်ကားနဲ့။ မဟုတ်ရင် ငါ နင့်ကို ရုပ်ပျက်ဆင်းပျက်သွားတဲ့အထိ ရိုက်ပစ်မယ်။ နားလည်သဘောပေါက်?"

ကြမ်းပြင်မှာ လဲကျကာ အရှက်တကွဲဖြစ်နေသော ဘက်တီသည် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း ပေရေနေသော အစားအစာကြောင့် ချော်ကာ လဲကျသွားပြန်သည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Wo Geschichten leben. Entdecke jetzt