အပိုင်း -၃၃၅

840 54 0
                                    

Unicode

အပိုင်း ၃၃၅ - သူမ ပြန်မလာတော့ဘူး (၂)

ယင်းရှောင်ကျဲ  စိတ်ကို အတင်းလျော့ပြီး တိုက်ခန်းထဲသို့ဝင် ရောက်လိုက်သောအခါ အိမ်မီးများပွင့်နေသည်ကိုတွေ့လိုက်၍ သူ့မျှော်လင့်ချက်များ တိုးလာသည်။

မီးတွေဖွင့်ထားတယ်။

ဆိုလိုတာက ရှောင်းရှောင် အရင် အိမ်ပြန်ရောက်နေတာလား?
သူမအထဲမှာ ရှိနေတာလား!

ယင်းရှောင်ကျဲ အိမ်စီး ဖိနပ်ကိုတောင် မပြောင်းမိဘဲ အိပ်ခန်းထဲကို  အလျင်စလို ပြေးဝင်သွားသည်။

သို့သော် အိပ်ခန်းထဲတွင် မည်သူမျှမရှိ။

အရူးတစ်ယောက်လို အခန်းတိုင်းကို လိုက်ရှာရမည်ဟူသည့်စိတ်ဖြင့်  အခန်းတိုင်းကို စစ်ဆေးဖို့ အမြန်သွားခဲ့ပေမယ့် ရှောင်းရှောင် ကိုတော့ မတွေ့ရ။

ယင်းရှောင်ကျဲ က ဧည့်ခန်းထဲမှာ  တွေတွေကြီး ရပ်နေရင်း  ဘာ်နေရာကို စိုက်ကြည့်လို့  ကြည့်နေမိမှန်းမသိ ။

ဘာကြောင့်လဲ?

သူမကို ဘာလို့ ရှာမတွေ့ရတာလဲ။

ဧည့်ခန်းမီးများ ပွင့် နေတာပဲကို
ဆိုလိုတာက သူမ ပြန်လာခဲ့တယ် မဟုတ်ဘူး လား။

ဒါမှမဟုတ် သူမပြန်လာပြီးမှ  ပြန်ထွက်သွားတာရော ဖြစ်နိုင်ပါ့မလား။

“လခွမ်းပဲ !”

ယင်းရှောင်ကျဲ က ကော်ဖီစားပွဲကို ပြင်းထန်စွာ  ကန်ထုတ်ရင်း မုန်းတီးစွာ ကျိန်ဆဲလိုက်သည်။

Clang!

ကော်ဖီ စားပွဲက ဆိုဖာကို ထိလိုက်သည်အသံက ကျယ်လောင်စွာ မြည်လာသည်။

မုရှောင်းရှောင် မင်းဘယ်မှာလဲ။

မင်းကို ငါ  စိတ်ဆိုးနေတယ်၊ မင်း အခု ဘယ်မှာလဲ၊

ယင်းရှောင်ကျဲ သည် သူ့မျက်လုံးများကို လက်များဖြင့် အုပ်ထားကာ သူ့ရင်ကလဲ  ကွဲထွက်လုနီးပါး ပြင်းထန်စွာ တက်လာလိုက် နိမ့်သွားလိုက် ဖြစ်နေသည်။

ယခုအချိန်တွင် ရှောင်းရှောင် အမေရိကသို့ ပြန်သွားပြီဖြစ်ကြောင်း သူပို၍ ယုံကြည်ချင်နေမိသည်။ အနည်းဆုံးတော့ သူမဘယ်ရောက်နေလဲ သူသိရလိမ့်မည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now