အပိုင်း -၃၅၆

613 31 0
                                    

Unicode
အပိုင်း ၃၅၆- ငါအနိုင်ကျင့်ခံရတယ် (၃)

ဝီလီယမ်သည်  အထက်တန်းကျောင်းများတွင် သူ၏ဂုဏ်သတင်းကကျော်ဇောပြီး အာဏာရှိသည်။ သူ့မှာ လူသိမခံလိုတဲ့ အဖြစ်အပျက်တချို့ ရှိပေမယ့် သူ့ကိုယ်တိုင် ရှင်းပြဖို့အတွက်ကတော့  ပျင်းနေခဲ့တာပင် ။ မည်သို့ပင်ဆိုစေကာမူ ဤအရာက သူ့စိတ်အနှောက်အယှက်များကို လျော့ပါးစေပြီး အလွန်ကောင်းသည်ဟု သူခံစားမိသည်။

ဝီလီယမ်သည် သူ့လက်သီးများကို ဆုပ်ကာ  ရပ်နေတဲ့ ကောင်မလေးကို အပြစ်ပေးချင်ပုံဖြင့် လမ်းလျှောက်လာသည်။

သူ့ပုံစံကိုမြင်တော့ ပွဲကောင်းကြည့်မယ်ဆိုတဲ့  မိန်းကလေးက ထိတ်လန့်သွားပြီး ။ မုရှောင်းရှောင်က သူမကို ချောက်ချလိုက်ပြီဟု ထင်လိုက်တာကြောင့် နှစ်ယောက်စလုံး အတူတူ အပြစ်ပေးဒဏ်ခတ်မခံရမီ အဝေးသို့  ထွက်ပြေးရန် ို့ ကြံစည်လိုက်မိသည်။

မုရှောင်းရှောင် က ဝီလီယမ်  ကောင်မလေးကို မခြောက်လန့်စေချင်ပေမယ့် သူ့ကို ထိန်းမနိုင်ခင်မှာ ဟိုမိန်းကလေးက ပြေးနေပြီဖြစ်သည် ။

မဟုတ်ဘူး!

သူမကို ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ!

ထို့ကြောင့်မုရှောင်းရှောင် က ဝီလီယမ် အား

"သူမကို ခေါ်ခဲ့လိုက်ပါ။ သူမကို မလွတ်စေနဲ့!"

"ဟုတ်ကဲ့ပါ သခင်မလေး !"

ဝီလီယမ်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သူ၏ ရှည်လျားသော ခြေတံများက တာလွှတ်သလို ပြေးထွက်သွားပြီး  မြှားတစ်စင်းပစ်လိုက်သလို ထိတ်လန့်တုန်လှုပ်ဖွယ် အမြန်နှုန်းနှင့် ဆင်သည်။

မုရှောင်းရှောင် သည်  ကောင်မလေးကို  ဖမ်းမိပြီးသည်နှင့် ဝီလီယမ် သူမကို ရိုက်နှက်ခြင်းမှ တားဆီးရန် နောက်မှ အမြမ် လိုက်လာသည်။

ဒီကောင်က ယောက်ျားပီသတဲ့ သဘောတရားမရှိသလို ကောင်မလေးကို ရိုက်ဖို့လဲ  တွန့်ဆုတ်မနေဘူး။

ကောင်မလေးက သူ့ရည်းစားနဲ့မတွေ့ခင် ခဏလောက်သာ ပြေးလိုက်ရသည်။ ။ နှစ်ယောက်စလုံး အချင်းချင်း တထိပ်တိုက်တွေ့ပြီး။ လဲကျလုနီးပါးပင်။ 

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now