အပိုင်း - ၃၆၆

Start from the beginning
                                    

"ဘက်တီ"

ဝီလီယမ်က မျက်မှောင်ကြုတ်ပြီး သူ့လေသံက ထက်ရှ ပြတ်သားနေသည်။

"မင်းရဲ့အမူအရာက ဘယ်လိုတွေ ဖြစ်နေတာလဲ? မင်း ကျင့်ဝတ်တွေ ပိုသင်ယူဖို့ အိမ်ပြန်ဖို့လိုတယ်လို့ ငါခံစား နေရတယ်။ မင်းရဲ့အမူအကျင့်တွေက ဒီလိုတရားဝင် ဧည့်ခံပွဲ တွေအတွက် အဆင်မပြေဘူး။”

ဒါကိုကြားတော့ ဘက်တီ ထိတ်လန့်သွားပြီး

"မဟုတ်ဘူး မဟုတ်ဘူး  ဝမ်းကွဲအကို ! ညီမက သူမနဲ့ နောက်နေတာပါ…”

ဘက်တီသည် ဤကဲ့သို့သော ဇိမ်ခံပွဲကို တက်ရောက်ခြင်းဖြင့်   ရှားရှားပါးပါး အမေရိက၏  နေရာအရပ်ရပ်မှ အထက်တန်းစား လူတော်များ နှင့် ပေါင်းသင်းခွင့် ရနိုင်‌သောကြောင့် ဤအခွင့်အရေးကို မဆုံးရှုံးချင်ပါ။

မုရှောင်းရှောင် က အေးစက်သော ရယ်သံ တစ်ခုကို ပေးလိုက်သည်။

“နင့်ဟာသက ငါ့အတွက်တော့ ရယ်စရာ မဟုတ်ဘူး။”

ဝီလီယမ်သည် ဘက်တီ အား "တောင်းပန်ပါ" ဟု မပြောမီ သူမ၏ မျက်လုံးကို ကြည့်လိုက်သည်။

ဘက်တီ က ထိုစူးရှပြီး အမိန့်ဆန်သော အကြည့်မျညးကြောင့်  မှိန်ဖျော့သွားရသည်။

“ငါ… ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူး… တောင်းလဲ  မတောင်းပန်ချင်ဘူး။ ဝမ်းကွဲအကို ၊ အကို့ရဲ့ဝမ်းကွဲအစ်မက ဘယ်သူလဲ။ ဘာလို့ အပြင်လူကို ကာကွယ်ပေး နေရတာလဲ။ ​ရတယ်  နင်​တို့အားလုံး ငါ့ကိုမကြိုက်​ရင်​ ငါထွက်​သွားလိုက်​မယ်​ ဟုတ်​ပြီလား"

သူမဆက်နေပါက မုရှောင်းရှောင် ကို တကယ်တောင်းပန်ရတော့မှာမို့  အမြန်ထွက်သွားဟန်ပြင်လိုက်သည်။

ဘက်တီ ဆုတ်ခွာရာတွင် အနည်းငယ် အလျင်စလိုဖြစ်ပြီး ပန်းကန်များကိုင်ဆောင်ထားသော စားပွဲထိုးဖြင်:  မတော်တဆ ဝင်တိုက်မိသွားသည်။

“အား  –”
ဘက်တီ က သံကုန် ဟစ်အော်ကာ ကြွေမွပြီး ပေရေနေသော ၀တ်စုံကိုစိုက်ကြည့်ရင်း စားပွဲထိုးကို ပြစ်တင်ကြိမ်းမောင်းကျိန်ဆဲ‌သည်။

"ဒါက ဝတ်စုံအသစ်! ဒါက ဘယ်လို အမှိုက်ပန်းကန်မျိုးလဲ။ အရမ်းရွံရစရာကောင်းတယ်။ အဲဒါကြောင့် ငါ တရုတ်ဟင်းလျာတွေကို မုန်းတယ် - အရသာက ဆိုးရုံတင်မကဘူး၊ အကျည်းလဲ တန်တယ်။ တကယ်အားဖြင့်တော့ အမှိုက်သာသာပါပဲ။ ခွေးတောင်မစားဘူး!"

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now