ဟျောင့်
ဟန်သာ ထတော့PTပြေးရတော့မှာ။
မျက်နှာသစ်ချည် ထထ။
ကျနော်လည်းဘေးက အတင်းလှုပ်နိုးနေသော သူရမောင်ကြောင့်
မထချင်ထချင်နဲ့ထလိုက်ရတယ်။
မနေ့ညက၁၂ ခွဲမှ အိပ်ပျော်တာမလို့ လူကမထချင်။
အေးအေး။
ထပြီထပြီ
ကျနော်လည်းမျက်နှာသစ်..သွားတိုက်ပြီး
သနပ်ခါးလေးကမှန်းကတမ်းကောက်ပွတ်လိုက်တယ်။ကျနော်ကမန်းလေးသားတာဖြစ်တာ သနပ်ခါး မပါရင်မနေတတ်ဘူး။
အတာလည်းမေမေ အကျင့်လုပ်ပေးခဲ့တာဗျ။
သူရနဲ့ဖိုးခွားကိုကြည့်လိုက်တော့
သူတို့က ဖိနပ်တောင်စီးပြီးသွားလို့
ကျနော့်ကိုစောင့်နေကြလေတယ်
ကျနော်လည်း ဖိနပ်ကြိုးချည်ပြီး
အနွေးထည်လေးကောက်ဝတ်ကာ
သွားကြအောင်လို့။
သူတို့၂ယောက်ကိုပြောလိုက်တယ်
ကျနော်တို့လည်းရောက်ကော
အားလုံးက တန်းစီ နေကြပြီလေ။
ကျနော်တို့လည်း ညာစွန်ရဲ့ဘယ်ဘက်ကနေဝင်ပြီး တန်းစီလိုက်သည်။
ထိုစဥ်
တပ်ရင်းမှုး.စောခန်းထီးမှ
သတိ ဟုအော်လိုက်သည်နှင့်တပြိုင်နက်။
ကျနော်တို့ အားလုံးလည်းတုပ်တုပ်မှမလှုပ်
ဘဲသတိစွဲ ရပ်နေကြတယ်
သက်သာလို့အော်တဲ့အခါမှ
သတိစွဲတာကို ဖြုတ်လိုက်တယ်
ကဲ အားလုံးဘဲ
ဒီနေ့တော့ PTမပြေးတော့ဘူး
ထိုအခါ ကျန်တဲ့သူများထံမှ အပျော်လွန်ကာတယောက်တပေါက်နဲ့အသံများထွက်လာတယ်။
ကဲ.ကဲ..တော်ပြီ..တော်ပြီ
မင်းတို့အားလုံးကို ပြောစရာရှိတယ်
ဒါကတော့ဆရာ့ တူလေးဘဲ
သူနာမယ်က စောဒီပါ လို့ခေါ်တယ်
တပ်ရင်းမှုး သူ့နောက်ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့သူ့ကိုရှေ့ခေါ်ပြောလိုက်တယ်
ဒီလူကတော်တော်ချောတာ ဆံပင်
အလည်ခွဲထားတာကြည့်ကောင်းတယ်။သူနဲ့လိုက်တယ်ပြောရမလားဘဲ။မေးရိုးသွယ်သွယ်လေးနဲ့အရပ်ကတော့ကျနော့်ထက်ခေါင်းတလုံးပိုရှည်တယ် လို့ကျနော့်စိတ်ထဲမှာတွေးလိုက်မိတယ်။
ထိုစဥ်
တပ်ရင်းမှုးစောခန်းထီးမှ
ဟန်သာ
ရှိ။
ကျနော်လည်းသတိစွဲပြီးတပ်ရင်းမှုးခေါ်တာကို ထူးလိုက်တယ်။
စောဒီပါကိုမင်းတို့တဲထဲ နေဖို့ခေါ်သွားလိုက်။
ဟုတ်ဆရာ
ကဲ..တန်းဖြုတ်မယ်။
ကျနော်တို့အားလုံးလည်း တန်းဖြုတ်ပြီး
တဲလေးဆီ ပြန်လာခဲ့ကြတယ်။
.......
ဒီကညီလေး နာမယ်က
စောဒီပါ လားဟ
ဟုတ်တယ်ဗျ။
အကို့နာမယ်က သီဟ။ဒါကတော့ဖိုးခွား။
သူက သူရမောင်။သူက တော့ဟန်သာပေါ့ကွာ။ ဒီထဲမှာ အကိုက အကြီးဆုံးပေါ့ကွာ
ဟန်သာက အငယ်ဆုံးပေါ့ကွာ။မင်းကြည့်ရတာလည်း ၂၂ ၂၃ လောက်ဘဲရှိဦးမာဘဲ
အကိုက ခန့်မှန်းတာတော့ တော်သားဘဲ။
ကျနော်အသက်က ၂၂ပါဗျာ
အေးအေး။အိပ်ဖို့ကတော့ ဟန်သာဘေးဝင်အိပ်ပေါ့ကွာ။လိုတာရှိလည်း ပြော။
သူ့နာမယ်က ဟန်သာတဲ့လား
အရပ်ကတော့ကျနော့်ထက် ခေါင်းတလုံးလောက်ပုတယ်။ဆံပင်လေးကရှေ့ချပြီး အုပ်အုပ်လေး ပါးလေးကဖောင်းဖောင်းလေး အတော်လေးကို ချစ်ဖို့ကောင်းတယ်ဗျ။
ကျနော်လည်း သူ့နုတ်ခမ်းထက်က မှည့်လေးကိုကြည့်ပြီး စွန့်အ သွားတယ်။
အဲ့မှည့်လေးက ကျနော့်ကို အတော်လေးဆွဲဆောင်နေတယ်ဗျ..
.........
ကိုဒီပါ
သူရမှကျနော့်ကိုလှမ်းခေါ်ရင်း
စောင်ကတော့ ဟန်သာနဲ့တူတူခြုံပေါ့ဗျာ။
ကျနော်လည်း သူ့ရဲ့ဘယ်ဘက်မှာအထုပ်
ချပြီး ဝင်လှဲရင်း ဘလိုအိပ်ပျော်သွားမှန်းမသိဘူး။ညနေခင်းရောက်မှ နိုးလာခဲ့တယ်။
နိုးပြီလား...အစော
ကျနော့်ကိုဟိုအကောင်ပေါက်လေး
ခေါ်တဲ့နာမယ် က အစောတဲ့လား။
သူကျနော့်ကိုခေါ်တဲ့နာမယ်လေးက
ကျနော့်ရင်ထဲမှ အမည်မပေါ်ဘဲ တမျိုးလေးခံစားရတယ်..
နိုးရင်လည်းထတော့ဗျာ.ဖျားနေလိမ်းမယ်
ညနေခင်းကြီး.မအိပ်နဲ့တော့
အင်းအင်း
အကိုထပြီ.။ဒါနဲ့လေ အကိုရေချိုးချင်လို့လိုက်ပို့ဦးလေ..
ကျနော်ပုဆိုးယူလိုက်ဥမယ်
ရှေ့ကစောင့်မယ်။လိုက်လာခဲ့တော့ကွာ
ကျနော်တွေးမိလိုက်တာက အစောက
ဖိုးခွားပြောသလိုလည်း မဟုတ်ပါဘူး
...................
.......................
ပထမဆုံးမို့အမှားပါရင်သည်းခံပါဥ
#thu rain
