Part(3)

3 0 0
                                        

Part3
ကျနော် အစောကိုချစ်မိသွားပြီထင်တယ်။ရင်ထဲမှာနင့်နင့်သီးသီးချစ်ဖူးတာဆိုလို့အစော တယောက်ထဲရှိတယ်။ကျနော်ထင်မထားဘူး ပထမဆုံးချစ်မိတဲ့အချစ်က ယောကျာ်းလေးတဲ့လား။အစောနဲ့မှကျနော်ရဲ့ပထမဆုံးဖြစ်ပေါ်လာတဲ့ အရာက အချစ်တဲ့လား။

အစောအိပ်ပြီလား
ကျနော်အစော ကိုလှမ်းမေးရင်း.
မအိပ်သေးဘူးလေ
ကျနော်နဲ့အပြင်မှာ စကားသွားပြောမလား
အင်းကောင်းသားဘဲ။
ကျနော်တို့၂ယောက်ထဲရှေ့မှ
ထန်းလက် စဉ်လေးပေါ်မှာပက်လက်လှန်ရင်း
အစော
ပြောလေ..ဟန်သာ
အစောရည်းစားထားဖူးလား။
ထားဖူးတာပေါ့ဟ။
ဘနယောက်မှန်းမသိတော့ဘူး
ဟန်သာရော

ကျနော်ကတော့မထားဖူး
တကယ်ကြီးလားဟ။
အွန်း..
ချစ်မိနေတဲ့သူတော့ရှိတယ်။ဒါပေမဲ့သူ့ကိုပြောဖြစ်မယ်မထင်ဘူး။

ဟန်သာ။ငါလေ..ယမင်းကို ရည်းစားစကားပြောမလို့.....

သူကယမင်းကိုရည်းစားစကားပြောမလို့တဲ့။
ယမင်းဆိုတာက မိန်းကလေးအဖွဲ့ထဲကပေါ့ သူကအရမ်းလှတာ ဒီကလူပျိုတေမှန်သမျှ ယမင်းကိုရည်းစားစကားလိုက်ပြောဖူးတဲ့သူကြည့်ဘဲ။အစော အလိုပြောလိုက်တော့ ကျနော်စိတ်ထဲမှာ အမည်မသိခံစားချက်ကြီးကစိုးမိုးပြီး သူမသိခင်မှာဘဲ မျက်ရည်လေးတစက်က ပါးပြင်ပေါ်ကနေ ကျဆင်းသွားတာကိုတော့ တယောက်သောသူကမသိခဲ့ဖူးလေ။
မပိုင်ဆိုင်ရသေးခင်ကတည်းက ဆုံးရှုံးရမယ်ဆိုတဲ့ ခံစားချက်ကြီးကို ကျနော်မလိုလားဘူး။

ဟန်သာ.ဟန်သာ
ဗျာ.
ကျနော်သူခေါ်တာတောင်မသိတော့တဲ့အထိအာရုံတေလွင့်ပြယ်နေခဲ့တယ်လေ။
အကို မင်းကို ပေါက်စ လို့ခေါ်မယ်။ရလား။
အာ..ဟုရပါတယ်ဗျာ။
ဘလိုခေါ်ခေါ် အဆင်ပြေပါတယ်။
အထဲဝင်ကြရအောင်လေ။

အစောဝင်နှင့်လေ ကျနော်မအိပ်ချင်သေးလို့အပြင်မှာနေလိုက်ဥမယ်။

အကြာကြီးမနေနဲ့ဦး။အပြင်ကအေးတယ်..အအေးပတ်ဦးမယ်
ဟုတ်.အစော။ခနနေရင်ဝင်လာခဲ့မယ်
သူကျနော့်ကို စိတ်ပူတာလား။ကျနော်ပျော်မိပါတယ် အစောနဲ့ပတ်သတ်သမျှအရာအားလုံးကို ကျနော်အလေးအနက်ထားတယ်..အသေးမွှားလေးတွေကအစပေါ့။

ရင်ထဲကမုန်တိုင်းငယ်Where stories live. Discover now