Part-31

577 37 2
                                    

Unicode

"ရှောင်းကျန့်!"

"ဟင်..."

အခန်းအပြင်ထွက်လုလုတွင် အနောက်မှ လက်ကောက်၀တ်အား လှမ်းဆွဲသည့် လက်တစ်ဖက်ကြောင့် ရှောင်းကျန့်အလိုလို လှည့်ကြည့်လိုက်မိသည်။
တစ်ဖက်လူထံ မျက်နှာလှည့်လိုက်သည့်အခါ လေဟာနယ်ကြား၌ ရှောင်းကျန့်မျက်၀န်းအိမ်ထဲမှ မျက်ရည်ကြည်တစ်ချို့ ပါးပြင်ပေါ်သို ခုန်ဆင်းကြလေ၏။

မျက်လုံးထဲမှ မျက်ရည်စများ မရှိတော့တဲ့အခါမှ သူမမျက်နှာအား ကောင်းကောင်းမြင်တွေ့ရတော့သည်။

"ပြောတော့ ၀မ်ရိပေါ်ကို မချစ်ဘူးဆို!
ဘာလို့ အခု ငိုနေရတာတုန်း"

ရယ်ကျဲကျဲပြောလာသည့် သူမအား ကြည့်ရင်း
ရှောင်းကျန့်ခေါင်းပေါ်၌ ကော်ရှင်မှတ်များ တ၀ဲလည်လည်။

"မင်းက ဘာလို့ပြန်ထွက်လာတာလဲ"

"ငါစဥ်းစားပြီးပြီ ရှောင်းကျန့်ကော...
ငါမနက်ကတည်းက သေသေချာချာစဥ်းစားကြည့်ခဲ့ပြီးပြီ
ဟိုကောကောပြောတာမှန်တယ်
ငါတစ်ယောက်တည်း ပျော်ရွှင်ရဖို့အတွက်နဲ့ ဘာလို့ လူနှစ်ယောက်ပျော်ရွှင်မှုကို ဖျက်ဆီးရမှာလဲ.."

ကျောင်းကျောင်းက ပြုံးနေပြီး သူမ၏ စကားအသွားအလာကလဲ ယဥ်ကျေးသည့်ဘက်သို့သွားနေ၏။
စတွေ့တုန်းကလို ရန်သူအကြည့် မျက်၀န်းတောက်တောက်များရှိမနေဘဲ ပကတိ အပြုံးများဖြင့်။

"ရှောင်းကျန့်ကောမှာ ရိပေါ်နဲ့ ခွဲနေရမဲ့အကြောင်းအရင်း ရှိရင်ရှိမှာပါ ဒါပေမဲ့...
ငါ့စိတ်ထင် မင်းတို့နှစ်ယောက်ပေါင်းပြီးဖြေရှင်းလို့ရမှာပါ
ပြီးတော့ အစီအစဥ်အတိုင်း မလုပ်နိုင်တဲ့အတွက် ငါတောင်းပန်ပါတယ် အဟဲ...အခု လုပ်မဲ့ကိစ္စအတွက်လဲ ထပ်ပြီးတောင်းပန်ပါတယ်
ဟိုကောကော.."

"ငါ့မှာနာမည်ရှိတယ်! ရွှယ်ရန်လို့ခေါ်"

ထိုစကားအဆုံး လည်ပင်းထက်မှ နာကျင်မှုခပ်စူးစူးအားခံစားလိုက်ရပြီး ရှောင်းကျန့်တစ်ယောက် လုံး၀အသိစိတ်ပျောက်သွားတော့သည်။

➖➖➖➖➖➖

တဆစ်ဆစ်ကိုက်ခဲလာသည့်ခန္ဓာကိုယ်ကြောင့် မျက်ခုံးနှစ်ခုအား စုကျုံ့ရင်း မျက်လုံးဖွင့်ကြည့်မိသည်။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now