Part-26

495 32 0
                                    

Unicode

မနက်ခင်း အာရုဏ်ဦးတွင် ထွက်ပေါ်လာသည့် နေမင်းကြီး၏ ရောင်နီတစ်ချို့က ရဲရဲနီလို့။

ကုတင်ပေါ်တွင် ထိုင်နေသည့် လူသားနှင့် ဂစ်တာပိုက်ကာ လှဲနေသည့် လူသားနှစ်ယောက်သည် တောင့်တောင့်ကြီးဖြင့် မလှုပ်မယှက်။

ပုံစံအနေအထားခြင်း မတူသော်ငြား
နှစ်ယောက်လုံးက တစ်ရေးမှ အိပ်မထားရပုံပေါ်သည်။

မျက်တွင်းဟောက်ပက်ကြီးနဲ့လေ....

တစ်ညလုံး ငိုနေသည့်ရိပေါ်ကို
အာပေါက်မတက် ချော့ပေမဲ့ သူ့ကို အော်မိလို့
၀မ်းနည်းသွားသည့် ရိပေါ်က ဘယ်လိုမှချော့မရ။

ငိုသံစဲသွားပြီး နားအေးရပြီထင်ပြီးမှ
ခနကြာတော့ ဂစ်တာလေးပိုက်ရင်း ရိပေါ်က
နို့မစို့ရတာကြာပြီဖြစ်တဲ့ ခွေးပေါက်စလေးလို တအီအီ ငိုနေပြန်၏။

ကုတင်အောက် ခြေထောက်ချကာ ထိုင်နေသည့် ရှောင်းကျန့်ထံ မှ သက်ပြင်းချသံ သဲ့သဲ့ကြားလိုက်ရသည်။
ရိပေါ်နှဖူးအား လက်ကလေးလာတင်ကာ အပူချိန်စမ်းသက်လိုက်ပြီး ကုတင်ပေါ်မှ ယိုင်နဲ့နဲ့ဆင်းသွားပြီး ဆေးသေတ္တာလေးကိုင်ကာ ပြန်လာ၏။

"မောင်....
ကိုယ်တွေနွေးနေတယ်...
ဆေးသောက်လိုက်နော်"

ရိပေါ်လက်ထဲရောက်လာသည့် ဆေးလုံးနှစ်လုံးကား
အပူကျဆေးနှင့် အိပ်ဆေး။

ပြီးပြီးရော ပါးစပ်ထဲပစ်ထည့်ကာ ရေသောက်ချလိုက်တော့ ကိုကိုက ဆေးခါးမည်စိုး၍ထင်၊
သူ့ပါးစပ်ထဲ သကြားလုံးလေး ထည့်ပေး၏။

လက်ထဲမှ ဂစ်တာလေးအား ဇွက်ခနဲ ဆွဲလုသည့် ကိုကိုကြောင့် ရိပေါ် အလန့်တကြား မော့ကြည့်မိတော့ ဂစ်တာကို ကုတင်ခြေရင်းတွင်ထောင်ကာ
ရိပေါ် ကို အိပ်ယာပေါ်လှဲစေကာ ကိုယ်ပေါ် စောင်ခြုံပေးလာသည်။

"Morning kiss...ကိုကို"

စိတ်ကောက်နေတာတောင် အနမ်းလိုချင်သေးသည့်
ရိပေါ်က တစ်ညလုံး အကြီးအကျယ် ငိုထားရတာကြောင့် အသံကွဲရှရှဖြစ်နေတာတောင်
ရှောက်းကျန့်ဆီက မနက်ခင်းအနမ်းတောင်းဖို့ မမေ့။

🌸MY FIRST LOVE🐇 (Completed)Tempat cerita menjadi hidup. Temukan sekarang