Part-29

490 29 0
                                    

Unicode

"ဟိုးဘက်လမ်းထိပ်မှာ ညဘက်ဖွင့်တဲ့ စားသောက်ဆိုင်ရှိတယ် မောင်"

"ကိုကိုရော ညစာစားပြီးပြီလား..."

"မစားရသေးဘူး မောင်
မားမားတို့ကို မဆာသေးလို့လို့ပြောထာ..ပါ့ပါး!"

သူ့အား ဆွေ့ခနဲ ကောက်ပွေ့လိုက်သည့် ရိပေါ်ကြောင့် အလန့်တကြား မျက်လုံးစုံမှိတ်လိုက်သည့် ရှောင်းကျန့်က မျက်လုံးပြန်ပွင့်လာသည့်အခါ ဆိုက်ကယ်ပေါ်  ခွလျက်သားလေးဖြင့်။

ခြံတံခါး၀နား ဂစ်တာ သွားထောင်ထားပြီး
ဆိုက်ကယ်ရှိရာပြန်လာသည့် ရိပေါ်က ဆိုင်ကယ်ပေါ်တွင် ထိုင်နေသည့် သူ့နှဖူးအား မော့နမ်းကာ ခေါင်းပေါ် Helmetတပ်ပေး၏။

"မောင်ရော Helmetမတပ်ဘူးလား"

ခပ်၀ိုင်း၀ိုင်းမျက်၀န်းလေးများဖြင့် မေးလာသည့် ရှောင်းကျန့်ကား ညမီးရောင်အောက်တွင် ဖြူဖွေးဖွေး ယုန်သူငယ်လေးလို။

"Helmetက တစ်ခုတည်းယူလာမိတော့
ကိုကိုပဲ တပ်လိုက်ပါ
မောင်က သိပ်ကိစ္စမရှိဘူး"

ဆိုက်ကယ်ပေါ် ခွထိုင်လိုက်သည့်ရိပေါ်ဟာ
ရှောင်းကျန့်လက်နှစ်ဖက်အား နောက်ပြန်ဆွဲယူကာ
သူ့အင်္ကျီလက်ရှည်၏ အိတ်လေးများထဲသို့ ထည့်ထားစေသည်။

"ကိုကို...အေးမှာစိုးလို့"

ရှောင်းကျန့်က ရိပေါ်ကျောပြင်ပေါ် ခေါင်းတင်ထားရင်း Helmetထဲမှ မျက်နှာလေးက တစ်ချက်တစ်ချက် မှည့်သွားကာ ၀ဲတက်လာသည့် မျက်ရည်ကြည်တို့အား ပုတ်ခက်ပုတ်ခက် လုပ်နေပါ၏။

လေအေးအေးများက တဖြူဖြူးတိုက်ခက်နေတာတောင်Helmetလဲ မတပ်ဘဲ ဒီတိုင်းရှေ့ကနေ မောင်းနေတဲ့ မောင်က အနောက်မှာ အသာလေးထိုင်စီးတဲ့သူ့ကို အေးမှာစိုးလို့တဲ့လား...။

အချိန်ကျရင် ခွဲရမှာမို့ ငါ့ကို ဒီထက်ပိုပြီး သံယောဇဥ်ကြိုးတွေနဲ့ မချည်ပါနဲ့လားမောင်ရယ်။

➖➖➖➖

"မောင်....ဘာလို့မစားတာလဲ...
စားမကောင်းလို့လား?"

ပါးလေးနှစ်ဖက် ဖောင်းသွားသည်အထိ ဟော့ပေါ့စားနေသည့်ရှောင်းကျန့်က မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ငုတ်တုတ်မေ့နေသည့် ရိပေါ်ကို အသာ လက်တို့ ခေါ်လိုက်မိသည်။

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now