Part -9

631 49 3
                                    

Unicode

"ခလေးမဟုတ်သူငယ်မဟုတ်နဲ့ ရန်မဖြစ်နဲ့လေမောင်
ရေခဲမုန့် သွားဝယ်မလို့ဆို"

ရှောင်းကျန့်က ရိပေါ်အားအာရုံလွှဲလိုက်တော့ ရိပေါ်၏ အကြည့်နှင့်စိတ်အစဥ်တို့ကား သူ့ဆီပြန်လည်ရောက်ရှိလာခဲ့သည်။
မောင်က ရှောင်းကျန့်ကို ခပ်နွေးနွေးပြုံးပြလာ၏။

"အိုက်စ် မောင်တဲ့..."

စူးရှရှအသံနှင့်မျန်မျန့်က လက်သည်းပါးစပ်ထဲထည့်ကိုက်ကာ ရှောင်းကျန့်တို့ကိုကြည့်နေသည်။

"မောင်အခုသွားဝယ်ပေးမယ် ခနစောင့်နော်ကိုကို! "

ရိပေါ်က ရှောင်းကျန့်ကို ထိုင်ခုံတစ်ခုတွင်ထိုင်စေ၍ ဆိုင်ရှိ ပူးတွဲရေခဲမုန့်ရောင်းသည့် ဘက်သို့ ထထွက်သွားလျှင်

"အား.....ကိုကိုတဲ့!
ကိုကိုနဲ့မောင်ပေါ့....
အမလေး ငါလေး သေပျော်ပါပြီဟယ်
Boyloveအတွဲလေးတွေကroလိုက်ကြတာ"

"ဒီက ရှောင်ကျန့်နော်!"

ထိုင်နေသည့် ယောက်ျားလေးနှစ်ယောက်ထဲမှ အရပ်ရှည်ရှည်နှင့် ရှောင်ကျန့်ထက် အသက်ကြီးပုံပေါ်သော အစ်ကိုက မေးလာသည်။
ရှောင်ကျန့် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်၏။

"ဟုတ်ပါတယ်အစ်ကို!"

"ကျန်းယန်လီ့ကို သိလားမသိဘူး
အားလီ့ဆီမှာ ရှောင်ကျန့်ဆိုတဲ့မောင်လေးရှိတယ်လို့ ပြောလို့"

"အော်! ဟုတ်ကဲ့အစ်ကို
ကျွန်တော်က ယန်လီကျဲရဲ့ မောင်လေးပါ"

ရှောင်ကျန့်ပြောလိုက်တော့ ဇီရွှမ်းကခေါင်းတငြိမ့်ငြိမ့်လုပ်ကာ

"ဒါနဲ့ ! အားလီက ဘယ်ကုမ္ပဏီမှာအလုပ်လုပ်တာလဲ"

" 'Pink Moon' ကုမ္ပဏီ မှာပါအစ်ကို"

ဇီရွှမ်းက ရှောင်းကျန့်စကားကြောင့် ပြုံးတုံ့တုံးလေးဖြင့်

"ဒါဆို အစ်ကိုသွားတော့မယ်နော်
မျန်မျန့် ၊အားလင်  သွားပြီ!"

"ဟုတ်ကဲ့အစ်ကို"

"ဟုတ် ဇီရွှမ်းကော!"

"ဘိုင့်ဘိုင် အချေကိုယ်တော်ရေ"

🌸MY FIRST LOVE🐇 (Completed)Where stories live. Discover now