(၁၅)

4.2K 626 449
                                    

ဒီနေ့ဟာဆိုရင်တော့ ဂျီမင်းတစ်ယောက် စာမေးပွဲဖြေပြီးသွားခဲ့သည့် နောက်ဆုံးရက်တစ်ရက်ဖြစ်သည်။ ဂျီမင်းကို ပေးထားခဲ့သော ကတိတစ်ခုအား သေချာ တည်ပေးနေခဲ့တဲ့ ပုံစံပေါ်သည့် ကောင်လေးဟာ နောက်ဆုံးဘာသာရပ် သုံးဘာသာစလုံးကို သူဖြေဆိုနေခဲ့ရတဲ့အချိန်အတွင်း သူ့ရဲ့ မျက်စိရှေ့မှောက်ဆီသို့ တစ်ခါတောင် ပေါ်မလာခဲ့ပေ။

ညအချိန်အခါတိုင်းမှာ သူ့တို့ရဲ့အဆောင်အရှေ့တွင် လာထိုင်နေတတ်သော ပုံရိပ်လေးတစ်ခုဟာ ဒီသုံးရက်တာလုံး အရိပ်တောင်မမြင်ရတော့သည်အထိ ပျောက်ရှနေခဲ့သလိုပင် မနက်ခင်းအချိန်အခါတိုင်းမှာ ကျောင်းလိုက်ပေးဖို့အတွက် အမြဲတမ်း ဇွတ်တရွတ်နှင့် ဂျီမင်းကို အကြပ်ကိုင်နေတတ်တဲ့ ကောင်လေးကိုလည်း သူမမြင်တွေ့ခဲ့ရပါ။

အဲဒီ့အတွက် ဂျီမင်းရဲ့နှလုံးသားလေးဟာ လွမ်းဆွတ်ခြင်းရဲ့ဒဏ်ကို သိသိသာသာ ခံစားနေခဲ့ရသော်လည်းပဲ တစ်ဖက်မှာတော့ ဂျောင်ဂုက ပေးထားခဲ့သော ကတိတစ်လုံးကို တည်ပေးနေခဲ့တာဖြစ်တာကြောင့် သူကြည်နူးရသည်။

ဒါပေမယ့်လည်း ထိုသို့သော ကတိတည်ပေးနေခဲ့ခြင်းတွေဟာ သူ့ဆီကနေ လိုချင်တာရှိနေခဲ့လို့သာ ဟန်ပြလိမ်မာနေခဲ့တာလို့ ဂျီမင်း တွေးတောလိုက်မိပြန်လေတော့ ချီးကျူးချင်နေခဲ့မိသည့် သူ့ရဲ့ခံစားချက်တွေဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားခဲ့ရပြန်သည်။ ဂျီမင်း အခုလို တွေးနေခဲ့တာလည်း မမှားပေ။ ဂျွန်ဂျောင်ဂုက ဘယ်သောအခါကမှ သူ့အတွက် တစ်ခုခုပြန်မရရင် ဘာကိုမှလက်မခံခဲ့ဖူးဘူး။

ထို့ကြောင့်လည်း သုံးရက်ပြည့်ပြီးသွားခဲ့သော အချိန်လေးမှာတင် မနက်ဖြန်ကို ရင်မဆိုင်ရဲတော့စွာဖြင့် ဂျီမင်းက နေ့တွင်းချင်းပဲ နယ်ကို ပြန်ဖို့အတွက် စီစဉ်ထားခဲ့မိသည်။ နယ်ကို ပြန်ရန် အဝေးပြေးကားရှာဖို့နှင့် ကားလက်မှတ်ဝယ်ဖို့ အစရှိတာတွေအား အစ်ကိုယူဂျင်းရဲ့အကူအညီနှင့်သာ ဂျီမင်းဟာ ကြိုတင်ပြီးတော့ ပြင်ဆင်နိုင်ခဲ့သည်။

ဒါ့အပြင် ဂျီမင်း အခုလိုမျိုး နယ်ကိုပြန်သည့်ကိစ္စရပ်အား အစ်ကိုယူဂျင်းနှင့် အဆောင်မှူးမှလွဲပြီး မည်သူမှ တိကျစွာ သိရှိထားခဲ့ကြခြင်းမရှိကြပေ။

1+1= 1 (JIKOOK)Where stories live. Discover now