သိပ်မဝေးတာမို့ Jihoon ပြောသမျှကို ကြားနေရ၏
"Hyung ကလည်းဗျာ မနက်စောစော မရစ်ပါနဲ့ဗျ"

အမ်? သူဘာတွေပြောနေတာလဲ .. နားထောင်နေလို့ မကောင်းပါဘူးလေ...

ထိုနားကနေ အဝေးကို မထွက်သွားခင် ကြားဖြစ်‌ေအာင်ကြားလိုက်ပါသေးသည်...

"ကျွန်တော် ချစ်တာ Hyung တစ်ယောက်ပဲရှိတာ သိသားနဲ့ Hyunsukie Hyung ရာ"

Oh my donut!! ဘာတွေ‌လဲဟ!? တစ်နိုင်ငံလုံးက အမ‌ျိုးသမီးတွေ သွေးမျက်ရည်ကျတော့မှာပဲ... Park Jihoon ဒီအရွယ်ထိ လူပျိုကြီးဖြစ်နေတာ ဒါ‌ေကြာင့်လား??!!!!!!

သိလိုက်ရတဲ့ အချက်တစ်ချက်နှင်အတူ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် လုပ်ကာ အမြန်ပြေးလာလိုက်သည်



"ဝိုးဝိုး ဖြေးဖြေး"

ခြေလှမ်းကျယ်ကြီးတွေနဲ့ Jeongwoo အနားကို အမြန်ရောက်လာတဲ့ Junghwan ကို အရှိန်တားလိုက်ပါ၏...

ဘာတွေဖြစ်ပျက်လာတယ်ရယ် မသိ..မျက်နှာလေးထက်မှာ အပြောင်းအလဲတွေဖြစ်ပေါ်နေသည်

"ဘာဖြစ်လို့လဲ Junghwanie"
"ဘာမှ မဟုတ်ပါဘူး ဗျ"

ဘာမှ မဖြစ်ဘူးဆိုတော့လဲ ဘယ်လိုလုပ်ဆက်မေးရမှာလဲ?

"မင်းကားမောင်းတတ်လား?"
"တတ်ပါတယ်"
"အာ့ဆို မောင်းပေးမလား?"
စကားပြောရင်း ကားသော့ကို Junghwan စီပစ်‌ေပးလိုက်သည်..Junghwan ဟာတုန့်ပြန်စကား‌မဆိုပဲ ဖမ်းယူပီး lock ဖွင့်ကာ driver seat မှာ ဝင်ထိုင်လိုက်၏

"ဘယ်ကျောင်းမှာတက်တာလဲဗျ?"
"YG "
"ဟုတ်"
‌တစ်ဖက်က နွေးထွေးပေမဲ့ တစ်ဖက်ကအေးစက်စက် အခြေအနေနှင့်အတူ ကားလေးဟာ Yg Private university သို့ ဦးတည်လိုက်၏

ဘေးတိုက်မြင်နေရတဲ့ အမျိုးသား‌ငယ်လေးရဲ့ မျက်နှာဟာ တည်ငြိမ်သည်ဆိုသည်ထက် တည်ကြည်သည်ဆိုရမည်

Jeongwoo အနေနဲ့ love experience များပေမဲ့ ထိုအမျိုးသားလေးကိုတော့ ဘယ်ကနေ ဘယ်လို စပီးချဉ်းကပ်ရမည်မသိပေ..

သူ့အနားမှာရှိနေနရင် သိပ်ကို လုံခြုံနွေးထွေးလွန်းတယ်...

နာရီပိုင်းပဲတွေ့ရသေးပေမဲ့ ထိုလူသားစီကို ဘဝတစ်လုံးပေးချင်မိတာ ဘာကြောင့်လဲ?တကယ် အဖြေရှာလို့မရဘူး...အချစ်ဆိုတာဒါများလား ?
.
.
.
"Hyung ဆင်းတော့လေ"

Mr. Bodyguard Where stories live. Discover now