အပိုင်း -၃၅၅

Start from the beginning
                                    

“ငါရှုံးရင် နင်အတွက် ငါ ပေးမယ်။ ပြဿနာမရှိပါဘူး!"

ကောင်မလေးသည် အလောင်းအစားကို သူမ မရှုံးနိုင်ကြောင်း အလွန်ယုံကြည်မှုရှိနေပြီး၊ ဝီလီယမ် ထံသို့ ချဉ်းကပ်ဝံ့သည့် မိန်းကလေးတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသောအဆုံးသတ်ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သူမသိသည်။

မုရှောင်းရှောင် သည် အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်သော်လည်း၊  သူ့ ဖုန်းနံပါတ်ကို ရယူနိုင်လိမ့်မည်မဟုတ်ပေ။

သူမရဲ့ အောင်ပွဲအကြောင်းနဲ့ နာမည်ကြီးတံဆိပ်ပါတဲ့ ၀တ်စုံကို က်ဆံအကုန်ခံပြီး ၀ယ်ဖို့  မလိုအပ်တော့ဘူးလို့ တွေးနေခဲ့သည်။

သူမသည် ဤအ၀တ်ကို ကျောင်းထဲတွင် ၀တ်ဆင်နိုင်မည်ဖြစ်ပြီး၊ သူမသည် လူအများ၏ အားကျရတဲ့လ လူတစ်ယောက်  ဖြစ်လာ ပေသည်။

ကောင်မလေးက သူမအတွေးကိုယ်သူမ သဘောကျစွာ   ရယ်မောလိုက်သည်။

မုရှောင်းရှောင် သည် သူမ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။

"ဒါဟာ သဘောတူညီချက်တစ်ခုပဲ!"

"မြန်မြန်သွား၊  မကြာခင် သူထွက်သွားတော့မယ်!"

ကောင်မလေးသည် မုရှောင်းရှောင်ထံ ကျလာမည့် ပြစ်ဒဏ်ကို သက်သေခံရန် စောင့်နေသကဲ့သို့  လက်နှစ်ဖက်ကို ပိုက်ထားသည်။

မုရှောင်းရှောင် သည် သူမ၏ နှုတ်ခမ်းများကို ဖွဖွကာ မရယ်မိရန် ကြိုးစားသည်။ မုရှောင်းရှောင်က  သူမဖုန်းထဲမှာ နံပါတ်ကိုသိမ်းထားပြီးသားဆိုတာ  ဒီကောင်မလေးကို ပြောပြချင်နေတာ၊ အဲဒါကို တောင်းရမှာက  အဓိပ္ပာယ် ပင် မရှိ။

ဒါပေမယ့် သူမ ဟန်ဆောင်ရမယ်!

မုရှောင်းရှောင် သည် ဝီလီယမ် ဆီသို့  တန်းတန်းမတ်မတ်ပဲ လျှောက်လာခဲ့သည်။

"ဟေး ရှင်က ချောလိုက်တာ၊ ရှင့်ရဲ့ ဖုန်းနံပတ်ကို ရနိုင်မလား"

မုရှောင်းရှောင် တမင် ချွဲပစ်တဲ့လေသံကို အသုံးပြုလိုက်သည်။

ဝီလီယမ်သည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသကဲ့သို့ တိုင်တွင် မှီ၍ စိတ်မရှည်သော အမူအရာ ရှိနေသည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now