The end

971 34 10
                                    

[Unicode version]

အကိုကဒီရက်ပိုင်းပျော်နေသည့်ပုံပါပဲ။
တစ်ခါတစ်လေဖုန်းပျော်ရင်း ရယ်မောနေပုံဟာ ငါ့ကြောင့်ရယ်နေတာမဟုတ်တော့ ငါအရမ်းဝမ်းနည်းရပါတယ်။
အကို့ကိုရယ်မောစေတဲ့ တစ်ဖတ်လူက ငါမဟုတ်ခဲ့ဘူး ငါတကယ်လက်လွှတ်ဖို့အချိန်တန်ပြီလား။
ငါအကို့ကို အကိုသဘောကျတဲ့လူစီက လုယူလိုက်ရမလား။
ဟင့်အင့် ငါလုယူလိုက်ရင်ရော အကိုကငါ့စီမှာပျော်မှာတဲ့လား။
ဒါပေမဲ့ ငါကအကို့ကိုချစ်တယ်လေ ။

တယောက်ထဲ မေးခွန်းများစွာကို ကိုယ့်ကိုယ်ကိုမေးခဲ့သည်။တချို့အမေးတွေမှာအဖြေကမရှိခဲ့ပြန်ဘူး။
မေးခွန်းတွေအလီလီ ‌ကိုယ့်ကိုယ်ကိုပြန်မေးပြီးတဲ့နောက် ထွက်လာတဲ့အဖြေက
လက်လွှတ်လိုက်ပြီတဲ့ ။

တစ်ယောက်ထဲ တစ်ဖက်ထဲဆွဲထားရတာ
ပင်ပန်းရသလို တစ်ဖက်ကအကိုကလည်းငါ့ရဲ့အချစ်တွေကြောင့် စိတ်ညစ်ရမှာ ဒါကြောင့် လက်လွှတ်လိုက်ပြီ။

ထပ်ခါထပ်ခါလည်းကြိုးစားတော့ပါဘူး
တစ်ကြိမ်ထပ်ပိုကြိုးစားခဲ့တယ်
တစ်ကြိမ်ထပ်မက နာကျင်ခဲ့တယ်
တစ်ကြိမ်ထပ်မက ငိုခဲ့ပြီးပြီလေ
ဒီလောက်နဲ့ပဲ လုံလောက်တယ်လို့
ယူဆနေပါ့မယ်

လက်လျော့လိုက်လို့
ချစ်တော့ဘူးလားဆို
မဟုတ်ဘူး ချစ်နေပါသေးတယ်
သို့သော် ငါ့ကိုပြန်ချစ်ကိုချစ်မယ်
ဆိုပြီး ထပ်ကြိုးစားတော့ဘူး

ငါရဲ့ချစ်ရပါသော အကိုကသူ့သ‌ေဘာကျတဲ့လူ‌ကြောင့်ပျော်ရွှင်နေတာ
ငါမြင်တွေ့ခဲ့ရပြီးပြီ။
လူသုံးယောက်ရှိတာ သုံးယောက်လုံးတော့ဘယ်ပျော်ရွှင်ပါမလဲ တစ်ယောက်ယောက်ကတော့ ငိုပေးရမှာပေါ့။
ငါကသူ့စီက အကို့ကိုလုအရင် ငါ့ရဲ့ချစ်ရပါသော အကိုနဲ့သူကငိုရလေ့မယ်။
ငါကလက်လျော့လိုက်ရရင်ငါကငိုရလေ့မယ်။

ဒီတော့ ငါပဲငိုပါ့မယ်
ငါ့ရဲ့အကိုက အမြဲပြုံးရယ်ပေးပါ
ငါ့ရဲ့အချစ်တွေကြောင့်
အကိုချစ်သူနဲ့မြဲပျော်နေပါစေ

တစ်ကြိမ်ထပ် ပို၍ [Complete] Waar verhalen tot leven komen. Ontdek het nu